Monywa News

0 0
Read Time:1 Minute, 50 Second

မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင်တာဝါတိုင် စခန်းမှ ရေခပ်ရန် ဆင်းလာသော စစ်သားများကို တိုက် ခိုက်၊ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ

 

D Day News

မေလ ၁၀

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင်တာဝါတိုင် စခန်းမှ ရေခပ်ရန် ဆင်းလာသော အကြမ်း ဖက် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း BRAVE HEART ARMY -BHA အဖွဲ့ထံမှ သိရသည်။

 

မေလ ၇ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင်တာဝါတိုင်စခန်းမှ သောက်ရေခပ်ရန် ဆင်းလာသော အကြမ်းဖက် စစ်သား ၄ ဦးကို အသင့်စောင့်ဆိုင်းပြီး ပစ်ခတ် တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြင်းထန်ဒဏ်ရာ ရရှိသော စစ်သားကို ဗောဓိတစ်ထောင်တာဝါတိုင် စခန်းသို့ ခေါ်ဆောင်သွားစဉ် လမ်း၌ သေဆုံးခဲ့ ကြောင်း သိရသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်သားများထံမှ G-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခုနှင့် 7.62 ကျည် ၁၀ တောင့်တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို CHINDWIN FIGHTER GROUP နှင့် ဗန္ဓုလနှင့် အဖွဲ့သားများက လက်နက် ပံ့ ပိုး ကူညီပေးခဲ့ပြီး တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နိုင်ရန် ပြည်သူများအနေဖြင့် BRAVE HEART ARMY -BHA Page Messenger သို့ တိုက်ရိုက် ပါဝင် လှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံ ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *