Human Right News

0 0
Read Time:2 Minute, 48 Second

အကြမ်းဖက်စစ်တပ် လက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်ကို နိုင်ငံတကာလူ့အခွင့် အရေး ကော်မရှင် အသင်းအဖွဲ့များမှ ထုတ်ပယ်ပစ်ရန် တောင်းဆို

 

D Day News

မေလ ၁၀

 

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်ကို နိုင်ငံတကာလူ့အခွင့် အရေးကော်မရှင် အသင်းအဖွဲ့မှ ထုတ်ပစ်ရန် NUG လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းက တောင်းဆိုလိုက်ကြောင်း သိရသည်။

 

မေလ ၉ ရက်နေ့က နယူးဇီလန်နိုင်ငံ၏ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ အပါအဝင်ကော်မရှင် ဝင်များ နှင့် တွေ့ဆုံဆွေးနွေးစဉ် ၎င်းက ထည့်သွင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ပြည်သူများ ဘက်မှ ရပ်တည်ခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုဘက်မှရပ်တည်ကာ စစ်တပ်၏ အကြမ်းဖက်မှုနှင့် ရက်စက်ယုတ်မာမှုများအား ရေငုံနှုတ်ပိတ်နေသည့် အတွက် အဆိုပါ လူ့အခွင့်အရေးကော်မရှင်အား အသိအမှတ်မပြုရန်၊ နိုင်ငံတကာ လူ့အခွင့်အရေးကော်မရှင်များ ဖွဲ့စည်းထားသည့် အသင်းအဖွဲ့များမှ ထုတ်ပယ်ပစ်ရန်တောင်းဆိုခဲ့ကြောင်း သိရသည်။

အရပ်ဘက် လူမှု အဖွဲ့အစည်းများက လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရသို့ တင်သွင်းထားသော လူ့အခွင့်အရေးကော်မရှင် တရပ်ပေါ်ပေါက်လာပါက အသိအမှတ်ပြု၍ ပူးပေါင်းဆောင်ရွက်ရန်၊ ပေါ် ပေါက်လာမည့် မြန်မာနိုင်ငံဆိုင်ရာ ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင်သစ်အား နိုင်ငံတကာက အသိအမှတ်ပြုနိုင်ရေး တိုက်တွန်းပေးသွားရန် ဆက်လက်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် နယူးဇီလန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ ကြုံတွေ့နေ သည့် အခက်အခဲများအား ဖိတ်ခေါ်ကြားနာမှုများပြုလုပ်ရန် တင်ပြပြောဆိုခဲ့ကြောင်း သိရသည်။

 

နယူးဇီလန် လူ့အခွင့်အရေးကော်မရှင်အနေဖြင့်လည်း နိုင်ငံတကာတွင် မြန်မာအမျိုးသားလူ့အခွင့် အ ရေးကော်မရှင်အား အဆင့်နှိမ့်ချသတ်မှတ်၍ ထုတ်ပယ်မည့် အကြောင်းအရာအပေါ် ၎င်းတို့အနေ ဖြင့် စိတ်ပါဝင်စားမှုရှိကြောင်း၊ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ၍ ကြုံတွေ့နေရသည့် အခက်အခဲများ ကိုလည်း ကော်မရှင်အနေဖြင့် ကြားနာနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဟု ပြန် လည်ပြောကြားခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *