Monywa News

0 0
Read Time:2 Minute, 53 Second

မုံရွာ-ချောင်းဦးလမ်းပေါ် တောင်ပုံရွာအနီးရှိ စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု ၂ ပွင့်ဗိုလ် တစ်ဦးအပါအဝင် ၈ ဦးသေဆုံး(ရုပ်သံ)

 

D Day News

မေလ ၁၀

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းမပေါ် တောင်ပုံရွာအနီးရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ ပွင့်ဗိုလ်တစ်ဦးအပါအဝင် အကြမ်းဖက်စစ်သား ၈ ဦးသေ ဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း လျှပ်စီးတပ်ခွဲထံမှ သိရသည်။

 

ယမန်နေ့ မေလ ၉ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် မုံရွာ – ချောင်းဦးလမ်းမပေါ် တောင်ပုံရွာ အနီးရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် တပ်မှ နှစ်ပွင့်ဗိုလ်တစ်ဦးနှင့် စစ်သား ၄ ဦးသေဆုံးပြီး တောပုပျူစောထီးကျေးရွာမှ ပျူစောထီးတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ထို့နောက် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်အကြာဖြစ် ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်ဂိတ်တွင် အကြမ်းဖက်စစ်သား ၁၀ ဦးခန့်ရှိပြီး  မုံရွာ-ချောင်းဦးလမ်းမပေါ် တောင်ပုံရွာအနီးရှိ ကွမ်းယာ ဆိုင်ကို ဂိတ်စခန်းအဖြစ် အသုံးပြုကာခရီးသွားပြည်သူများ၊ ခရီးသွား ကားများကို အတင်းအဓမ္မ ဆက်ကြေးကောက်ကောက်ခံလျက်ရှိသည့် ဂိတ်စခန်းတစ်ခုဖြစ်ကြောင်း၊ ထိုသို့ ဝင်ရောက်တိုက်ခိုက်ချိန်တွင် အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးခဲ့သော်လည်း ကျန်စစ်သား ၃ ဦးမှ လက်ပစ်ဗုံးများဖြင့် ခုခံတိုက်ခိုက်နေသဖြင့် လက်နက်ကောက်ယူနိုင်ခြင်းမရှိပဲ ပြန်လည် ဆုတ် ခွာခဲ့ရသည်ဟု ဆိုသည်။

 

သေဆုံးသွားသော အကြမ်းဖက်စစ်သား ရုပ်အလောင်းများကို ညနေ ၃ နာရီခွဲအချိန်အထိ လာရောက် ကောက်နိုင်ခြင်းမရှိကြောင်း မုံရွာခရိုင်တပ်ရင်း ၁၂ လျှပ်စီးတပ်ခွဲက ထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ – မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ၊ Anyathian Revolutionary Syndicate(ARS) နှင့် နယ်မြေဒေသာကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း ကာကာ ၅ ရက်ခန့်အချိန်ယူကြိုတင်ပြင်ဆင်၍ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *