Shwe Kyin News

0 0
Read Time:3 Minute, 7 Second

ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

 

D Day News

မေလ ၉

 

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် အကြိမ်ကြိမ်ပျံသန်း ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း KNLA Nighthawks အဖွဲ့ထံက သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်၊ ၁၇ ရက်၊ ၁၈ ရက်၊ ၁၉ ရက်၊ ၂၁ ရက်၊ ၂၇ ရက်၊ ၃၀ ရက်နေ့တို့တွင် ရွှေ ကျင်မြို့နယ်ရှိ သံဆိပ်စစ်ကောင်စီစခန်းနှင့် ထိုစခန်းအနီး စစ်ကောင်စီစုရပ်တို့ကို ၇ ကီလို ဗုံးသီး ၁ လုံး၊ ၂ ကီလို ဗုံးသီး ၂ လုံး၊ ၆၀ မမ ဗုံးသီး ၃၉ လုံးကို ဒရုန်းဖြင့် ၉ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း ဧပြီ ၂၇ ရက်နေ့က တိုက်ခိုက်မှု၌ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အခြားတိုက်ခိုက်မှု ၈ ကြိမ်အတွင်း အကြမ်းဖက်စစ်တပ်မှ ထိခိုက်သေဆုံးမှု ရှိ၊ မရှိ မသိရသေးပဲ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဧပြီလ ၁၅ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ စစ်ကောင်စီတပ် ရောက်ရှိရာ နေရာများဖြစ် သည့် ရွှေကျင်နှင့် ညောင်လေးပင်မြို့နယ် အတွင်းရှိ ရွှေငန်းဖြူ၊ အင်္ဂနီသုဿာန်ဘုန်းကြီးကျောင်း၊ ပန်းအင်းဘုန်းကြီးကျောင်း၊ ညောင်အိုင်လမ်းခွဲ၊ ကျောက်တန်းရွာထိပ်တို့ကို ၆၀ မမ ဗုံးသီး ၁၉ လုံး၊ ၄၀ မမ ဗုံးသီး ၂ လုံး တို့ကို ဒရုန်းဖြင့် ၇ ကြိမ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အလားတူ မေလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် ရွှေကျင်မြို့နယ်ရှိ ဝါးပိုးတောစစ်ကောင်စီစခန်းကို ၁၂၀ မမဗုံးသီး ၁ လုံး၊ ၆၀ မမ ဗုံးသီး ၉ လုံး၊ စလစ်အိုးဖြင့်ပြုလုပ်ထားသော ဗုံးသီး ၈ လုံးတို့ကို ဒရုန်းဖြင့် ၅ ကြိမ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ာသး ၆ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို KNLA Nighthawks အဖွဲ့နှင့် KNLA ပူးပေါင်း တပ်ဖွဲ့ တို့မှ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အချို့နေရာများတွင် ၂ ရက်အတွင်း ပိုင်းလော့ ၂ ဦးတည်းဖြင့် စစ်ဆင်ရေး ၃၅ ကြိမ်ပျံ သန်း တိုက်ခိုက်မှုများလည်း ရှိကြောင်း ထိုသို့ တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးများကို လုံခြုံရေး အခြေ အနေကြောင့် ယခုအချိန်မှ ထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်း KNLA Nighthawks အဖွဲ့က အသိပေး ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *