Karenni News

0 0
Read Time:2 Minute, 5 Second

မိုးဗြဲမြို့ အခြေစိုက် ခမရ ၄၂၂ တပ်ရင်းကို စစ်ဆင်တိုက်ခိုက်စဉ် အကြမ်းဖက်စစ်တပ်က ၎င်းတို့ တပ် ရင်း စခန်းထဲသို့ လေကြော်းဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်

 

D Day News

မေလ ၇

 

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်ရင်းကို ထိုးစစ်ဆင်တိုက် ခိုက်စဉ် အကြမ်းဖက်စစ်ကောင်စီလေတပ်က ၎င်းတို့တပ်ရင်းစခန်းထဲသို့ အကြိမ်ကြိမ် ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်သည်။

 

ဧပြီလ ၃ ရက်နေ့မှစ၍ မိုးဗြဲမြို့ အခြေစိုက် ခမရ ၄၂၂ တပ်နှင့် ၎င်းတပ်အားဝန်းရံထားသည့် ကာ ကင်းများကို KNDF တပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လွိုင် ကော် ၊ ဒီးမော့ဆို ၊ ဖယ်ခုံ ရှိ စစ်ကောင်စီ တပ် များမှ လက်နက်ကြီးပစ်ကူများ တောက်လျှောက်ပစ် ခတ်ခဲ့သည့်အပြင် ၄၂၂ တပ်ထဲစခန်းထဲသို့ လေယာဉ် ဖြင့် ပြန်လည် ဗုံးကြဲတိုက်ခိုက်ခြင်းများကိုပါ အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မိုးဗြဲမြို့တွင် စစ်ဆင်ရေးများ ဆက်၍လုပ်ဆောင်နေဆဲ ဖြစ်ပြီး ဖယ်ခုံမြို့မှ မိုးဗြဲမြို့သို့ စစ်ကူ လာ ရောက်သည့် စစ်ကြောင်းကိုလည်း တော်လှန်းပူးပေါင်းတပ်များက ဖယ်ခုံ -မိုးဗြဲ လမ်းမကြီး တ လျှောက် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း၊ ထို့အပြင် ဖယ်ခုံနှင့် ဆောင်းပြောင်းကျေးရွာ အနီးတို့တွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မိုးဗြဲမြို့ အခြေစိုက် ခမရ ၄၂၂ တပ်နှင့် တစ်ဆက်တည်း စစ်ကောင်စီ၏ ခြေကုပ်စခန်း များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်လတာလုံး တိုက်ပွဲပြင်းထန်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *