KIA News

0 0
Read Time:1 Minute, 47 Second

ဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ်ကူး စင်းခန်း တံတားကို KIA သိမ်းပိုက်ရရှိ (ရုပ်သံ)

 

D Day News

မေလ ၇

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)နှင့် လုံခြုံရေးဂိတ်စခန်းကို KIA ဦး ဆောင်သော တော်လှန်ရေးတပ်များက ယနေ့ နံနက် ၅ နာရီခန့်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း KIA နီးစပ်သူ သတင်းရင်းမြစ်ထံက သိရသည်။

 

ယနေ့ နံနက် ၅ နာရီမှစတင်ပြီး မိုးမောက်မြို့၊ မံစီမြို့နှင့် ဗန်းမော်မြို့ရှိ စစ်ကောင်စီစခန်းများကို KIA ဦး ဆောင်သော တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့နယ်ရှိ ဧရာဝတီမြစ်ကူး စင်းခန်း တံတားစောင့် စစ်တပ်စခန်း၊ ဧရာဝတီမြစ်ကူးတံတားလုံ ခြုံရေးဂိတ်စခန်း၊ စင်းခန်း ချောင်း ကူး တံတားလုံခြုံရေးကင်းစခန်း၊ စင်းခန်းနယ်မြေ ရဲစခန်းတို့ကို သိမ်းပိုက်ရရှိထားကြောင်း သိရ သည်။

“ဒီမနက်ပဲ စင်းခန်းကို သိမ်းလိုက်နိုင်ပြီ။ လေယာဉ်တွေလည်း လာနေတယ်လို့ သိရတယ်။ စင်းခန်း ဘက်က တပ်နေရာ ၅ ခု၊ မံစီဘက်မှာလည်း တပ်နေရာ ၅ ခုနဲ့ မိုးမောက်ဘက်မှာက တပ်နေရာ ၃ ခုကို တပြိုင်တည်းဝင်တိုက်နေကြာတာ” ဟု KIA နှင့်နီးစပ်သူ သတင်းရင်းမြစ်က ပြောကြားသည်။

 

ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့မှ စတင်ခဲ့သော စစ်ဆင်ရေးများအတွင်း စစ်ကောင်စီ တပ် ၏စခန်းပေါင်း ၁၀၀ နီးပါးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထား ပြီး ဖြစ်ကြောင်း သိရသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *