Political Story

0 0
Read Time:5 Minute, 17 Second

မြဝတီမြို့ကို နိုင်ငံတော်အဆင့် စစ်ဆင်ရေးထိုးစစ်ဆင်နေချိန် စစ်ကောင်စီတပ်စခန်းများကို အပြိုင် အဆိုင် သိမ်းပိုက်နေကြတဲ့ KIA နဲ့ AA

 

မိုးထက်ဇော် (ပုံတောင်သား)

 

အကြမ်းဖက်စစ်တပ် ဒုတိယခေါင်းဆောင်စိုးဝင်း ဦးဆောင်ပြီး မြဝတီမြို့ ပြန်လည်ရယူနိုင်ရေး နိုင်ငံ တော်အဆင့် စစ်ဆင်ရေးဆင်နွှဲနေချိန် KIA နဲ့ ရခိုင့်တပ်တော် -AA တို့ဟာ အကြမ်းဖက်စစ်တပ်စခန်း တစ်ခုပြီး၊ တစ်မြို့ပြီးတစ်မြို့ အပြိုင်အဆိုင်သိမ်းပိုက်လျက်ရှိပါတယ်။

 

မေလ ၅ ရက်နေ့ တစ်ရက်မှာပဲ အကြမ်းဖက်စစ်တပ်စခန်း ၁၂ ကို KIA တပ်ဖွဲ့က သိမ်းပိုက်လိုက် သလို ရခိုင့်တပ်တော်ကလည်း ဘူးသီးတောင်မှာရှိ စကခ ၁၅ တပ်မဌာနချုပ်ကြီး အပိုင်သိမ်းပိုက် လိုက်တဲ့အချိန်မှာ အကြမ်းဖက်စစ်သား၊ မိသားစုဝင်တွေ ရာနဲ့ချီ လက်ချအညံ့ခဲ့ရမှုက ငြင်းမရပါဘူး။

 

ရခိုင့်တပ်တော် – အေအေ အနေနဲ့က ရခိုင်ပြည်နယ်တစ်ခုလုံး သိမ်းပိုက်ရရှိရေး ၁၀၂၇ စစ်ဆင်ရေးနဲ့ အတူ စတင်ခဲ့ရာမှာ အခုဆိုရင် မြို့ပေါင်း ၉ မြို့အထိ သိမ်းပိုက်ရရှိထားပြီလို့ ဆိုပါတယ်။

 

အဲလိုပဲ KIA တပ်အနေနဲ့တော့ အဓိကကျတဲ့မြို့ကြီးတွေ သိမ်းပိုက်မှုမလုပ်သေးပဲ ပြည်နယ်အတွင်းမှာ ရှိတဲ့ လူထုနဲ့ဝေးရာနေရာတွေက စစ်တပ်စခန်းတွေကို တစ်ခုခုပြီးတစ်ခု သိမ်းပိုက်လျက်ရှိရာမှာ  စစ် တပ် စခန်းပေါင်း ၉၀ နီးပါးအထိ သိမ်းပိုက်ရရှိထားသလို ဆင်ဘိုမြို့၊ ဆွမ်ပရာဘွမ်မြို့၊ လွယ်ဂျယ်မြို့ စတဲ့ မြို့တွေ သိမ်းပိုက်ရရှိထားပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့က လေကြောင်းကလွဲပြီး ဘယ်လိုမှ ထောက်ပို့စစ်ကူပေးနိုင်ခြင်းမရှိ တော့ပဲ တစ်နိုင်ငံလုံးအနှံ့ ဝိုင်းဝန်းပိတ်ဆို့ခံရတာဖြစ်လို့ စစ်တပ်အနေနဲ့ လေကြောင်းပစ်ကူကလွဲလို့ မြေပြင်စစ်ကူ ထိထိရောက်ရောက်ပေးပို့နိုင်တာမရှိတော့ပါဘူး။

 

အဲလိုမြေပြင်စစ်ကူပေးနိုင်ခြင်းမရှိရုံမျှမက စခန်းထဲကထွက်လျှင်ပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များက သတင်းအတိအကျရပြီး ပစ်ခတ်ရှင်းနိုင်မှုတွေကြောင့်လည်း ဖက်ဆစ်တပ်သားတွေ နေ့စဉ်နဲ့ အမျှ ကြောက်ရွှံ့ထိတ်လန့်မှုတွေနဲ့ အသက်ရှင်နေရပါပြီ။

 

အဲလိုစစ်ကူမပေးနိုင်ခြင်းက တိုင်းရင်းသားဒေသတွေသာမက ပြည်မလို့ခေါ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတွေအတွင်းမှာပါ ဖြစ်ပျက်နေတာပါ။ စစ်ကားနဲ့ပဲထွက်ထွက်၊ စစ် ကြောင်းနဲ့ပဲ ထွက်ထွက် ထွက်သမျှတိုင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းခံနေရလို့ ဖက်ဆစ်တပ်သားတွေ မသေရတဲ့နေ့ဆို မရှိပဲ တစ်နေ့တစ်နေ့ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ် တစ်သိုက်အတွက် အသက်ပေးနေရတဲ့ နည်းနည်းနောနောမဟုတ်ပါဘူး။

 

အစကတည်းက ရူးပြီးအာဏာသိမ်းလိုက်တဲ့ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ် တစ်သိုက်ဟာ အခုချိန်မှာ ဘာမှ မလုပ်တတ်မကိုင်တတ်နဲ့ ပြည်သူလူထုပစ်မှတ်ထားတိုက်ခိုက်မှုတွေကလည်း ယခင်ထက်ပိုမို လုပ်ဆောင်လာနေပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ သတိနဲ့ သွားလာနေထိုင်ကြဖို့ သတိပေးပါရစေ။

 

စစ်ရှုံးနေတဲ့ ဖက်ဆစ်စစ်တပ်ဟာ ဖက်ဆစ်စနစ်ထုံးစံအတိုင်းပဲ လူသားဒိုင်းကာ အသုံးပြုဖို့၊ ပြည်သူ လူထုတွေကို ညှင်းပန်းနှိပ်စက်ဖို့ ၊ အာဏာကို ပြည်သူလူထုအသက်တွေနဲ့ ရင်းဖို့ စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြန်ကာ လုပ်ဆောင်လာခြင်းက ပြည်သူလူထုအပေါ် တနည်းနည်းနဲ့ စစ်ရာဇဝတ်မှုကျူ လွန်းခြင်းပါပဲ။

 

ဖက်ဆစ်စစ်တပ်လက်အောက်မှာ ရောက်ရှိပြီး အသိဉာဏ်ရှိတဲ့ စစ်သားတွေအနေနဲ့ကတော့ ဖက် ဆစ်စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့မေတ္တာခံကို ခံယူရုံမျှမက ပြည်သူလူထုကချီးမြှင့်တဲ့ ဆုငွေတွေပါ ရယူကာ အနာဂတ်ဘဝသာယာရေး ကြိုးစားလုပ်ဆောင်လာကြပါပြီ။

 

မင်းအောင်လှိုင်ရဲ့ အသက် ၆၅ နှစ်ပြည့်ပင်စင်မသွားချင်လို့ အာဏာရူးစစ်ဗိုလ်ချုပ်တစ်သိုက်နဲ့ ပူး ပေါင်းပြီး စစ်တပ်တစ်ခုလုံးကို ရင်းကာ အာဏာသိမ်းလိုက်တဲ့အတွက် ဖက်ဆစ်စစ်တပ် ပျက်စီးရဲ့ အစဟာ မင်းအောင်လှိုင်နဲ့ အာဏာရူးစစ်ဗိုလ်ချုပ်တစ်သိုက်ဖြစ်သလို ဖက်ဆစ်စစ်တပ်ပျက်စီးခြင်း ဟာလည်း ဖက်ဆစ်စစ်တပ်အတွင်း တပ်မှူး၊တပ်သားတွေက ပြည်သူလူထုကို ကာကွယ်ရမယ့် တာ ဝန် ပျက်ကွက်ရုံသာမက အာဏာရူးတစ်သိုက်အလိုကျလိုက်ပါလုပ်ဆောင်ခြင်းကြောင့် ပျက်စီး ရပြီ ဆိုတာ ပြောပါရစေ။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *