KNU News

0 0
Read Time:3 Minute, 17 Second

မုန်းမြို့နယ်နှင့်ဆောထီမြို့နယ်အတွင်းသို့ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ကြောင့် ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း၊ နေအိမ် ၁၆ လုံးပျက် စီး၊ ပြည်သူ ၆ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး

 

D Day News

မေလ ၆

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ခလယ်လွီထူခရိုင်(ညောင်လေးပင်ခရိုင်)၊ မူး(မုန်း)မြို့နယ် နှင့် ဆောထိမြို့နယ်အတွင်းသို့  အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းကြီး ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီး ကျောင်းတစ်ကျောင်းနှင့် လူနေအိမ် ၁၆ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

 

မေလ ၁ ရက် နံနက် ၉ နာရီ မိနစ် ၂၀ အချိန်ခန့်က မုန်းမြို့နယ်၊ မိုညှင်းဒဲကျေးရွာအတွင်းသို့ တစ် ကြိမ်၊ ၉ နာရီ ၃၂ မိနစ်တွင် ကွီးဒိုခေါ်ကျေးရွာအတွင်းသို့ တစ်ကြိမ်နှင့် ၁၀ နာရီ ၄၅ မိနစ်တွင် ထီးခး ထာကျေးရွာအတွင်းသို့ တစ်ကြိမ် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူနေအိမ် ၁၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ထပ်မံလာရောက်ပြီး ရခိုင်တောင်နေရာသို့ အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းကြီး ၁ ပါး ထိခိုက် ဒဏ်ရာ ရရှိပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညပိုင်းက ရွှေကျင်မြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ၏ ရွှေ ကျင် ဗျူဟာမှ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ ဂွရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နွား ၄ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

 

ယင်းနေ့တွင်ပင် အင်္ဂနီကျေးရွာအတွင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများက အသက် ၆၀ အရွယ် ဦးကြည်ဆန်း၊ အသက် ၃၀ အရွယ် ကိုဖိုးပိန် ၊ အသက် ၇၀ အရွယ် ဦးတင်လှိုင် ၊ အသက် ၆၀ အရွယ် ဦးကျော်ကျော် နှင့် ကျန် အမည်မသိရသေးသည့် ပြည်သူ ၂ ဦး စုစုပေါင်း ၆ ဦးကို ဖမ်းဆီး သွားကြောင်း၊ ၎င်းတို့ ၆ ဦးကို မည်သည့်နေရာတွင် ထိန်းသိမ်းထား သည်ကို ယခုအချိန်အထိသိရှိရ ခြင်းမရှိသေးကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

 

ထို့အပြင် ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်၊ ဆောထိမြို့နယ်၊ ပန်းအင်းကျေးရွာအတွင်းသို့ အကြမ်းဖက် စစ် ကောင်စီ၏ ခမရ ၂၆၄ တပ်မှ လက်နက်ကြီးများ ပစ်ခတ်ရာ နေအိမ် ၁ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *