0 0
Read Time:1 Minute, 56 Second

ကော့ကရိတ်မြို့ပေါ်ရှိ အမှတ် ၃ ရဲစခန်း၊ တောင်ပေါ်ကျောင်း၊ မြို့တော်ဦးနေရာများကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံး (ရုပ်သံ)

 

D Day News

မတ်လ ၂၆

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ အမှတ် ၃ ရဲစခန်း‌၊ တောင်ပေါ်ကျောင်းနှင့် မြို့တော်ဦးနေရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း ကျားဖြူးစစ်ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၅ ရက် နေ့က ကော့ကရိတ်မြို့ပေါ်ရှိ အမှတ် ၃ ရဲစခန်း ၊ တောင်ပေါ်ကျောင်းနှင့် မြို့တော်ဦး နေရာများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF လက်အောက်ခံ ကျားဖြူ စစ်ကြောင်း နှင့် နဂါးဖြူ စစ်ကြောင်းများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး တိုင်း ပြည်နှင့်ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် အသက်ပေးလှူခဲ့ရကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအရှိန်မြင့်တင်လျက်ရှိရာ ကော့ကရိတ်မြို့အတွင်း၌ နေ့ည မပြတ် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ကော့ကရိတ်နေပြည်သူများ အနေဖြင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ ခွင့်ပြုချက်မရှိပဲ ဖြတ်သန်းသွားလာမှု မပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *