Yangon News

0 0
Read Time:1 Minute, 50 Second

အောင်မင်္ဂလာအဝေးပြေးဝန်းရှေ့ရှိ စစ်တပ်ဂိတ်စခန်းတစ်ခုကို မိုင်းခွဲတိုက်ခိုက်မှု ကင်းကျနေသော စစ်သားများ ဒဏ်ရာရ

 

D Day News

မေလ ၄

 

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝန်းရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဂိတ် စခန်းတစ်ခုကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ကင်းကျနေသော အကြမ်းဖက်စစ်သားများ ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၃ ရက် ည ၇ နာရီ ၃၅ မိနစ်အချိန်ခန့်က အောင်မင်္ဂလာအဝေးပြေးဝန်းရှေ့ရှိ အ ကြမ်းဖက် စစ်တပ်ဂိတ်စခန်းတစ်ခုကို အားပြင်းသော မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကင်း ကျနေသော အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ပြီး လမ်းပိတ်ဆို့ကာ စစ်ဆေးခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးအဖွဲ့ ၂ နှင့် Noka UG တို့ ပူးပေါင်း ကာ လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး မစ်ရှင်ဖော်ဆောင်ခဲ့သည့် မြို့ပြပြောက်ကျားရဲဘော်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

မြို့ပြစစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင် မည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်သား၊ ရဲများနှင့် ဝေးဝေးရှောင်ရှားနေထိုင်သွားလာကြပါရန်နှင့် မိဘပြည်သူများ၏ ထောက်ပံ့မှုများ လိုအပ်လျက်ပြီး ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် အသိပေးမေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *