ThandaungKyi News

0 0
Read Time:1 Minute, 48 Second

တောင်ငူ -လိပ်သိုလမ်းပိုင်းရှိ စစ်တပ်စခန်း ၂ ခုကို စနိုက်ပါ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

 

D Day News

မေလ ၄

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ -လိပ်သိုလမ်းပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ အ ကြမ်းဖက်စစ်တပ်စခန်း ၂ ခုကို စနိုက်ပါ၊ လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သံတောင် PDF တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၁ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က တောင်ငူ-လိပ်သို လမ်းပိုင်းတွင်ရှိသော ကျောက် လုံးကြီး စခန်းကို တောင်ငူခရိုင် တပ်မဟာ ၂ တပ် ရင်း ၅ လက်အောက်ခံ – People Defence Force Thandaung မှ Sniper ဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

 

ထို့အပြင် ပြီးခဲသည့် ဧပြီလ ၁၀ ရက် ညနေ ၆ နာရီ ၂၃ မိနစ်တွင် တောင်ငူ လိပ်သို လမ်းပိုင်းရှိ ၇ မိုင် အကြမ်းဖက်စစ်တပ်စခန်းကို ၇၉ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၈ ရက် ည ၈ နာရီခွဲနှင့် ည ၁၀ နာရီတို့တွင် တောင်ငူ – လိပ်သိုလမ်းပိုင်းရှိ ၇ မိုင် စခန်းကုန်းကို ၇၉ မမ လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *