ထားဝယ်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး
D Day News
မေလ ၃
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဗထူးတပ်မတော် (BHA) ထံမှ သိရသည်။
ယမန်နေ့ မေလ ၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေး ရွာရှိ ဘုရားမဲစစ်ဆေးရေးဂိတ်မှ ဇဟာအမြောက်တပ်ဘက်သို့ ထွက်လာသည့် အင်အား ၆၀ ခန့်ပါ အကြမ်းဖက်စစ်သား ၆၀ ဦးပါ စစ်ကြောင်းကို မောင်မယ်ရှောင်ကျေးရွာအနီးအရောက် ဗထူးတပ်မ တော် (BHA)က ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဗထူးတပ်မတော် (BHA) အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက် စစ်တပ်ကို စစ်ရေးအရှိန် မြှင့်ကာ အမြစ်ပြတ် တိုက်ခိုက်ချေမှုန်း သွာမည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိ ဖြင့် သွားလာနေထိုင် ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ တရားဝင် အသိပေး ထုတ်ပြန်ထားသော ထုတ်ပြန်ချက်မျာကို လေးစားလိုက်နာကြရန် အထူးသတိပေးထားသည်။
အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် စစ် ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အားလုံးအနေဖြင့် တနိုင်ငံလုံး အတိုင်းအတာ ကျရှုံးမှုပေါင်း များစွာဖြင့် ရင်ဆိုင်နေရသည့် အကြမ်းဖက် အာဏာသိမ်း စစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင် အမြန် ဆုံး ခိုလှုံဝင်ရောက်ကြရန် တိုက်တွန်းထားသည်။
D Day News