Mying News

0 0
Read Time:1 Minute, 36 Second

မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူရွာရှိ စစ်သား၊ ပျူများကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၆၀ ကြဲချတိုက်ခိုက် (ရုပ်သံ)

 

D Day News

မေလ ၃

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ် ပျူစောထီးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၆၀ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

 

ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်မှ စတင်ကာ မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား၊ ပျူများကို ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၃၅ လုံး နှင့် မီးလောင်ဗုံး ၂၅ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအ တွက်ကို အတည်မပြုနိုင်သေးကြောင်း ပျူစောထီးရွာထဲရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထား သော နေရာများ မီးလောင်ပျက်စီးမှုရှိကြောင်း သိရသည်။၊

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင် (ပကဖ) Drone တပ်ဖွဲ့မှ ဦးစီးပြီး မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ (၁) ၊ ဘာမထီ (ပြောက်ကျားတပ်ဖွဲ့)၊ ဓားတောင် ပကဖ ၊ မြိုင် ပကဖ တပ်ရင်း ၃ တပ်ခွဲ(၄) ၊ Jocker (ပြောက်ကျားတပ်ဖွဲ့)၊ ကိုကမ္ဘာကျော် (ပကဖ) ၊ MRG (ပြောက်ကျားတပ်ဖွဲ့) ၊ RAF Drone Team တပ်ဖွဲ့ ၊ Ghost of Enemies-GOE Revolution Force အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *