TNLA News

0 0
Read Time:2 Minute, 39 Second

ပိတ်ပင်တားမြစ်ထားသည့် စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးသည့် TNLA ရဲဘော်များအား ကြိမ်ဒဏ် ၁၀ ချက်၊ အလုပ်ကြမ်း ၁ လနှင့် လူမှုရေး ပြစ်ဒဏ်ပေး

 

D Day News

မေလ ၂

 

တအာင်းအမျိုးသားတပ်မတော် – TNLA က ၎င်းထိန်းချုပ်ရာ မြို့နယ် ၇ ခုတွင် စစ်ကောင်စီထုတ်ကုန် ပစ္စည်းများ ရောင်းချသုံးစွဲမှုပိတ်ပင်တားမြစ်ထားသည့် စစ်ကောင်စီထုတ် မြန်မာဘီယာများကို ဝယ် ယူ သောက်သုံးခဲ့သည့် ရဲဘော်များကို ပြစ်ဒဏ်ပေးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာန ထံမှ သိရသည်။

 

ယနေ့ မေလ ၂ ရက်နေ့က တအာင်းပြည်၊ မွေးနေ့ပွဲပါတီတခုတွင် ပလောင်ပြည်နယ်လွတ်မြောက် ရေး တပ်ဦး PSLF/TNLA မှ တားမြစ်ကန့်သတ်ထားသော မြန်မာဘီယာကို ‌သောက်သုံးခဲ့သည့် တပ်ဖွဲ့ဝင်ရဲဘော်များကို ကြိမ်ဒဏ် (၁၀) ချက်၊ အလုပ်ကြမ်း (၁)လ နှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီး ကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့ကြောင်း သိရသည်။

 

ထိုပြင်  PSLF/TNLA အုပ်ချုပ်နယ်မြေ မြို့ (၇) မြို့နှင့် စစ်ဒေသတွင် စစ်ကောင်စီ ဝင်ငွေလမ်း ကြောင်းကို အားပေးအားမြှောက်ဖြစ်သော ထုတ်ကုန်ပစ္စည်း များ ရောင်း‌ဝယ်စားသုံးနေ သူများ တွေ့ရှိပါက ထုတ်ပြန်ချက်ပါ အမိန့်အတိုင်း အရေးယူ  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ထားသည်။

 

၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအမြစ်ပျက်ကျဆုံးရန် စစ်ကောင်စီ ၏ အရေးပါသော စီးပွားရေးမဏ္ဏိုင်ပြိုလှဲရန်နှင့် စစ်ကောင်စီ ဝင်ငွေလမ်းကြောင်း ပိတ်ပင်ရန် ရည် ရွယ်ပြီး PSLF/TNLAမှ စစ်ကောင်စီ ထုတ်ကုန်များ  ရောင်းဝယ်စားသုံးခြင်း မပြုလုပ်ရန် ၂၀၂၁ခုနှစ်၊ ဇွန်လ  ၁၅ ရက်၌ အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

၄င်းအမိန့်ထုတ်ပြန်ချက်အတိုင်း တားမြစ်ကုန်ထုတ်ပစ္စည်း ရောင်းဝယ်သူများကို တွေ့ရှိပါက အကြိမ်ကြိမ် သတိပေးပြုလုပ်ပြီးမှ ထုတ်ကုန်များကို ရောင်းသူဆိုင်ရှင် အများးရှေ့မှောက်တွင်  ဖျက်ဆီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *