Thabaikkyin News

0 0
Read Time:3 Minute, 11 Second

သပိတ်ကျင်းမြို့နယ်တွင်စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦးဒဏ်ရာရပြီး ကျေးရွာ ၅ ရွာမှ ပြည်သူ ၂၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ

 

D Day News

မေလ ၂

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်အတွင်း အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျေးရွာ ၅ ရွာမှ ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သပိတ်ကျင်းမြို့နယ် ပကဖ ထံမှ သိရသည်။

 

ဧပြီလ ၂၆ ရက်နေ့က သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ် တပ်က ကိုးပင်ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိုသို့ထွက်ပြေးနေစဉ် အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက်နက် ကြီးကျည်စထိမှန်ကာ ပြည်သူတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကိုးပင် ရွာထဲကို လက်နက်ကြီးကျည်တွေကျလာလို့ ထွက်ပြေးကြရတာ။ ပြည်သူတစ်ဦးကတော့ ပြေးရင်း လွှားရင်း လက်နက်ကြီး ကျည်ထိမှန်လို့ ဒဏ်ရာရတယ်။ အခုတော့ မစိုးရိမ် ရတော့ပါဘူး။ ကိုးပင်ရွာနဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာ ၅ ရွာက ပြည်သူတွေလည်း ထွက်ပြေးနေကြရတယ်။ စစ် ကြောင်းက လည်းနီးနေတော့ တိုက်ပွဲဖြစ်လာမှာစိုးရိမ်ပြီးပြေးကြတာ၊ စပစ်တာကတော့ ၂၅ ရက် နေ့ကတည်းက ပစ်နေတာ။ တိုက်ပွဲလည်း မရှိဘူး” ဟု သပိတ်ကျင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေး ရွာများမှာ ကိုးပင်ကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ဆယ်ဇင်းကုန်းကျေးရွာ၊ မင်းကုန်းကျေးရွာ၊ ပုတီး ဖြူ ကျေးရွာတို့ဖြစ်ပြီး အိမ်ထောင်စု ၈၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

 

“ပစ်ခတ်နေတာက ၂၅ ရက်ကနေ ၂၈ ရက်နေ့လောက်အထိ တစ်ရက်ကို ၂ ကြိမ်ထက်မနည်းပစ် ခတ်နေတာ၊ အခုတော့ ငြိမ်နေတယ်။ စစ်ဘေးရှောင်တွေက အရင်ကတည်းက ရှောင်နေရတဲ့ ပြည်သူ တွေ လည်းရှိတော့ စားနပ်ရိက္ခာ၊ ဆေးဝါးမလုံလောက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အဲဒီအတွက် ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု သပိတ်ကျင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

စစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်တပ်သည် ဧပြီ ၂၅ ရက် နေ့ခင်းပိုင်းတွင် ပုတီးဖြူရွာနှင့် လက်ပံကုန်းကျေးရွာတို့မှ နေအိမ် ၁၀၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဧပြီ ၂၇ ရက်နေ့ ည နေပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *