Yesagyo News

0 0
Read Time:4 Minute, 1 Second

ရေစကြိုမြို့စုပေါင်းရုံး၌တပ်စွဲထားသော စစ်သားများ ဆိုက်တွဲမောင်းသူကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းကိုချက်ချင်းသင်္ဂြိုလ်

 

  • အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာမ တစ်ဦး အပါ အဝင် ၃ ဦး သေဆုံး

 

D Day News

မေလ ၁

 

ရေစကြိုမြို့ပေါ်တွင် အကြမ်းဖက်စစ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး ခဲ့ ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၁၉ ရက် နေ့က ရေစကြိုမြို့နယ်၊ ပေါက်တောကြီးရွာမှ ဆိုက်တွဲမောင်းသူ အသက် ၂၈ နှစ်အ ရွယ် ကိုဖြိုးလျှံဦးသည် ခရီးသွားပြည်သူ ၂ ဦးကို ရေစကြိုမြို့ပေါ်ရှိ ကားဂိတ်သို့ ပို့ဆောင်ပြီး ပြန်လာ စဉ် အကြမ်းဖက်စစ်သားများက ရေစကြိုမြို့စုပေါင်းရုံးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ သည်။

 

ထို့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အမှတ် ၂ ၊ စိတ္တသုခရပ်၊ သမဆီစက်ဝိုင်းအတွင်း၌ ပစ်ခတ် သတ်ဖြတ်ကာ ရုပ်အလောင်းကို လူမှုကူညီရေး အသင်းကားဖြင့် သယ်ဆောင်ပြီး ချက်ချင်းသင်္ဂြိုလ်ခဲ့ ကြောင်း သိရသည်။

 

ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် သားဖြစ်သူ ဖမ်းခံရသည်ကို ကြားသိရသော ကိုဖြိုးလျှံဦး၏ မိဘ များက ရေစကြိုမြို့ ရုံးပေါင်းစုံထဲ လိုက်လာပြီး မေးမြန်းစုံစမ်းသည့်အခါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက “ခင်ဗျားသားမရှိတော့ဘူး သေပြီ။ ထွက်ပြေးလို့ ပစ်သတ်လိုက်တာ မနေ့က သင်းဂြိုဟ်ပြီးပြီ” ဟု ပြောဆိုလိုက်ကြောင်း၊ ကိုဖြိုးလျှံဦး၏ မိဘများမှာ သား၏ရုပ်အလောင်းကိုပင် မမြင်မတွေ့ရဘဲ ငိုယိုကာ ပြန်သွားခဲ့ကြရကြောင်း သိရသည်။

 

ထို့အပြင် သင်္ဂြိုလ်သည့် ကိစ္စ ဆောင်ရွက်လုပ်ကိုင်ပေးသူများကိုလည်း “ဒီသတင်းအပြင်ကို ပေါက် ကြားရင် မင်းတို့ သတ်ပစ်မယ်” ဟု ကြိမ်းမောင်းခဲ့ကြောင်း ရေစကြိမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

 

ဧပြီလ ၁၈ ရက်မွန်းလွဲ ၂ နာရီဝန်းကျင်အချိန်တွင် ရေစကြိုမြို့ပေါ် စုပေါင်းရုံး၌ တပ်စွဲထား သော အကြမ်းဖက်စစ်သားများက ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံးသည် ပေါက်တောကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၅၄ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ခင်စိုးမာ၏ နောက်ကျော ကို ထိမှန် ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဆရာမ ဒေါ်ခင်စိုးမာသည် ရေစကြိုမြို့နယ် ကမ္မတောကျေးရွာ မူလတန်းကျောင်းတွင် တာဝန်ကျပြီး သူမ၏ အမျိုးသားနေထိုင်သည့် ပေါက်တောကျေးရွာတွင် လိုက်ပါနေထိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၁၆ ရက် ညနေ ၅ နာရီဝန်းကျင်၌ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့ စုပေါင်းရုံး၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ကျောမကြားရွာ ရှိ နေအိမ်တစ်လုံးရှေ့ကျရောက်ပေါက်ကွဲပြီး အသက် ၆၄ နှစ်အရွယ် ဒေါ်ခင်ဝင်းမြင့်ကို ထိမှန်ကာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ရေစကြိုမြို့ပေါ် စုပေါင်းရုံးအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွှေချောင်းကျေးရွာ အတွင်း ကျ ရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၁ နှစ်အရွယ် ဦးသန်းဇော်လင်း အပြင်းအထန်ဒဏ်ရာ ရရှိ ကာ ဆေး ရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း၊ အခြားပြည်သူအချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *