Chin State News

0 0
Read Time:2 Minute, 49 Second

ကျင်ဒွေးမြို့ကို စစ်တပ်က လေကြောင်း အလွန်အကျွံအသုံးပြု ခုခံနေသည့် ကြားမှ ၅၄ ရက်ကြာ ထိုးစစ်ဆင်ပြီး အလုံးစုံ သိမ်းပိုက်ရရှိဟု ချင်းညီနောင် စစ်ဆင်ရေးအဖွဲ့ကြေညာ

 

D Day News

မေလ ၁

 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း အလွန်အကျွံအသုံးပြုခုခံကာကွယ်နေသည့် ကြားက ၅၄ ရက်ကြာထိုးစစ်ဆင်ပြီး အလုံးစုံ သိမ်းပိုက် နိုင်ခဲ့ကြောင်း ချင်းညီနောင် စစ်ဆင်ရေးအဖွဲ့က ယနေ့ မေလ ၁ ရက်နေ့တွင် တရားဝင် ကြေညာ သည်။

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ကစတင်၍ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီစခန်းကို စတင်၍ နယ်မြေခံ CDF-Kanpetletနှင့်အတူ အခြား CDF ပူးပေါင်း တပ်ဖွဲ့ များ၊ PDF တပ်ဖွဲ့များပူးပေါင်းပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း၊  ထိုသို့ တိုက်ခိုက်မှုအတွင်းလက် နက် ခဲယမ်းအပါအဝင် အခက်အခဲ မျိုးစုံကြားထဲမှ တိုက်ပွဲကို ရပ်နားခြင်းမရှိဘဲ ၃ လနီးပါး ကြာသည့် အထိ ဆက်လက်ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

 

ထို့နောက်  ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ချင်းညီနောင်စစ်ဆင်ရေး (CB operation)အဖြစ် ပြောင်းလဲသတ်မှတ်ပြီး ချင်းညီနောင်အဖွဲ့ဝင်တပ်ဖွဲ့များနှင့် PDF၊ YDF၊ GZA၊ LPDF တပ်ဖွဲ့များ ပူး ပေါင်း၍ အာရက္ခတပ်တော်၏ အကူအညီနှင့်အတူ စစ်ဆင်ရေးအား အရှိန်အဟုန်မြှင့်ကာ ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၉ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်တွင် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် သတ်မှတ်ပြီး ၅၄ ရက်အကြာ ကျင်ဒွေးမြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်သားအများအပြားသေဆုံးကာ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

၄ လကျော်ကြာမြင့်ခဲ့သော ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့ကြသည့် ထောက်ပို့ ပြည်သူများနှင့် စစ်သည်တော်များ အားလုံး၏ ပြောင်မြောက်သောတိုက်ရည် ခိုက်ရည်၊ ရဲစွမ်းသတ္တိ နှင့် အမိန့်နာခံမှု တို့ အပေါ် ချင်းညီနောင်အနေဖြင့် လေးနက်စွာအသိအမှတ်ပြုကြောင်း၊ ၎င်းစခန်း သိမ်းတိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း အသက်နဲ့ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသည့် စစ်သည်တော် များကို လေး လေး နက်နက်လေးစားအသိအမှတ်ပြုပါကြောင်း ထုတ်ပြန်ထားသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *