Oak Phoe News

0 0
Read Time:2 Minute, 3 Second

အုတ်ဖိုမြို့နယ်အတွင်း ရွာစဉ်လှည့်ကာ ပေါ်တာဆွဲပြီး စစ်သားစုဆောင်းနေသော ဖက်ဆစ်တပ်သား များကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦး သေဆုံး

 

D Day News

ဧပြီလ ၂၉

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း လှည်လည်ပြီးပေါ်တာဆွဲကာ စစ်သားစုဆောင်း နေသော အကြမ်း ဖက် ဖက်ဆစ်တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးခဲ့ကြောင်း အုတ် ဖို မြို့နယ် မြေအောက်ပြောက် ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၈ ရက် ညနေ ၅ နာရီ ၇ မိနစ်အချိန်က အင်အား ၂၀ ခန့်ဖြင့် အုတ်ဖိုမြို့နယ်အတွင်း လှည့်လည်ကာ ပေါ် တာ ဆွဲပြီး စစ်သား စုဆောင်းနေသော အကြမ်းဖက် ဖက်ဆစ်တပ်သားများကို သရက်နှစ်ဖျားလိမ် အုပ်စု ဂွေးချိုကွင်းရွာ နှင့် ကျွန်းလှကုန်းရွာ ဆက်သွယ်ထားသော တံတားအနီး၌ ပဒေသာမိုင်း ၇ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် ဖက်ဆစ်တပ်သား ၅ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် နေရာအား နယ်မြေရှင်းလင်းလုပ်ဆောင်ခဲ့ရာ အကြမ်းဖက် ဖက်ဆစ် တပ်သားများ အသုံးပြုသည့် ဦးထုပ် ၃ လုံး၊ MA3 ကျည်ဘောက်ရှည် တစ်ခု ၊ ၅ ဒသမ ၄၅ ကျည် ၃၂ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *