KNU News

0 0
Read Time:1 Minute, 42 Second

ဆောထိမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပြည်သူ ၆ ထောင် နီး ပါး ထွက်ပြေးနေရ

 

D Day News

ဧပြီလ ၂၉

 

ကေအဲန်ယူ− ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကျေးရွာ ၅ ရွာမှ ပြည်သူ ၆ ထောင် နီး ပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဧပြီလ ၂၆ ရက် နေ့မှ စတင်၍ ဆောထိ မြို့နယ် အတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ် ကောင်စီ တပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ကျောက်တန်းကျေးရွာ၊ အင်္ဂနီကျေးရွာ၊ သရက်ချောင်း ကျေးရွာ၊ ပဇင်းပင်ကျောက်ပုံစိတ်ကျေးရွာ နှင့် ရုံးဒိုင်း ကျေးရွာတို့ရှိ အိမ်ထောင်စု ၁၁၄၈ စုမှ ကျေးရွာ နေ ပြည်သူလူထု ၅၈၁၉ ဦးမှာ ကြောက်ရွံ့ထိတ်လန့်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေ ကြရကြောင်း သိရသည်။

 

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များသည် ၎င်းတို့ စစ်ကြောင်းထိုးဝင်ရောက်သော လမ်းတ လျှောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ခြင်း၊ ပြည်သူလူထုများအား လမ်းပြအဖြစ် အသုံး ပြုခြင်း၊ ပြည်သူလူထုများအား အကြောင်းမဲ့ ဖမ်းဆီးခြင်းတို့ကြောင့် ပြည်သူလူထုများ အနေ ဖြင့် ကြောက်ရွံ့ပြီးထွက်ပြေးတိမ်းရှောင်ကြရခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *