Sesi News

0 0
Read Time:2 Minute, 9 Second

ဆီဆိုင်မြို့နယ်နယ်၊ ၃ နေရာတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၃ ဦးသေဆုံး၊

 

  • ဝိန်းကောင်ရွာ သဘက် ချောင်း တံတားကို အကြမ်းဖက်စစ်တပ်နှင့်လက်အောက်ခံ PNO တပ်ဖွဲ့ များ မိုင်းခွဲ ဖျက်ဆီး

 

D Day News

ဧပြီလ ၂၈

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း ၃ နေရာတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

 

ယမန်နေ့ ဧပြီလ ၂၇ ရက် နေ့က ဆီဆိုင်မြို့နယ် နေရာသုံးခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ယမန်နေ့ ဧပြီလ ၂၇ ရက် ည ၁၀ နာရီခွဲခန့်က ဆီဆိုင်မြို့ အနောက်ဘက်၊ ဝန်းကောင်ရွာအနီးရှိ ဝိန်းကောင်တံတားကို တော်လှန်ရေးအင်အားစုများ အသုံးပြုလျက်ရှိသည်ဟု ဆိုကာ အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် သဘက်ချောင်းတံတားမှာ ကားများသွားလာ၍မရတော့သည်အထိ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဧပြီလ ၂၇ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ အကြမ်းဖက်စစ်တပ်နှင့် PNO ပြည်သူ့ စစ်များက ဝိန်းကောင်ရွာကို ဒရုန်း ၂ စီးဖြင့် အဆက် မပြတ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ စစ်ကောင်စီတပ်ဖွဲ့မှ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ဖြင့် ရမ်း သမ်း ပစ်ခတ်သဖြင့် ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *