ဆင်မြီးဆွဲမြို့ရှိ စိုက်ရေးစခန်း၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိပြီး သေဆုံးဒဏ်ရာရသူများကို ပြည်မြို့သို့ ညတွင်းချင်းသယ်ယူ
သံလွင်မြန်မာသတင်း
မေလ ၆
ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့ရှိ စိုက်ပျိုးရေးစခန်းတွင် တပ်စွဲထား သော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိပြီး သေဆုံးဒဏ်ရာရသူများကို ပြည် မြို့သို့ ညတွင်းချင်း သယ်ယူသွားကြောင်း ပြည်ခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်မတော် အမှတ် ၃၆၀၁ တပ်ရင်းထံမှ သိရသည်။
ယမန်နေ့ မေလ ၅ ရက် ည ၉ နာရီ ၂၀ မိနစ်ကသဲကုန်းမြို့နယ် ဆင်မြီးဆွဲမြို့ရှိ စိုက်ပျိုးရေး စခန်း တွင် တပ်ဆွဲထားသောအကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် သားများ ထိခိုက်သေဆုံးမှုရှိပြီး သေဆုံးအလောင်းများနှင့် ဒဏ်ရာရရှိသူများကို ညတွင်းချင်း ပြည်မြို့ဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း တပ်ခွဲ ၅ ရဲဘော် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လူအားဖြင့်လည်းကောင်း၊ ငွေအား ဖြင့်လည်းကောင်း ၊ ဆိုင်ကယ်၊ ကားတို့ကို လည်းကောင်း ကူညီထောက်ပံ့ခြင်းများ မပြု လုပ်ကြပါရန် အသိပေးတိုက်တွန်းထားသည်။
Thanlwin Myanmar Media