ဖက်ဒရယ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်အပါအဝင် အချက် ၅ ချက်ကို လိုက် နာဆောင်ရွက်ပေးရန် လက်နက်ကိုင်အဖွဲ့အစည်းများကို 7 EAO Alliance အဆိုပြု
သံလွင်မြန်မာသတင်း
မေလ ၆
ဖက်ဒရယ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်အပါအဝင် အချက် ၅ ချက်ကို လိုက် နာဆောင်ရွက်ပေးရန် လက်နက်ကိုင်အဖွဲ့အစည်းများကို 7 EAO Alliance အဆိုပြုထားသည်။
ဧပြီလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့သော 7 EAO Alliance (၄/၂၀၂၅) ဦးဆောင်အဖွဲ့အ စည်းအဝေးတွင် လက်ရှိ ပြည်ထောင်စုအတွင်း ရင်ဆိုင်တွေ့ကြုံနေရသော နိုင်ငံရေးအကြပ် အတည်း ကို ကျော်လွှားနိုင် ရေးအတွက် 7 EAOများ က ချမှတ်ထားသော ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူး ပြောင်း ရေးအစီ အစဥ် ကို ပြန်လည်ပြီး သုံးသပ်ပြင်ဆင်နိုင်ခဲ့ကြပြီး ရှေ့လုပ်ငန်းစဥ်များဆိုင်ရာ လမ်း ညွှန်သဘောထားများ ကို ချမှတ်နိုင်ခဲ့ခြင်းကြောင်း သိရသည်။
7 EAO Alliance ၏ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူး ပြောင်းရေးအစီအစဉ်အဆိုပြုချက်များမှာ ပဋိ ပက္ခတွင် ပါဝင်သူအဖွဲ့များအားလုံးသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုတင်စည်းကမ်း သတ်မှတ် ချက် မရှိဘဲ ပဋိပက္ခတွင်ပါဝင်သည့် အစုအဖွဲ့များအားလုံးက အပစ်ရပ်ကြေညာရန်၊ သက်ဆိုင်သူများ အကြား ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုင်ရာ ကတိကဝတ်ပြုရန်၊ ဖက်ဒရယ်ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပရန်တို့ဖြစ်သည်။
ယင်းအစည်းအဝေးသို့ 7 EAO Alliance ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ လုပ်ငန်း ကော်မတီများ၏ ညှိနှိုင်းရေးမှူးများနှင့် အထူးဖိတ်ကြားသူများတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media