Oak Phoe News

0 0
Read Time:1 Minute, 28 Second

အုတ်ဖိုမြို့နယ်၊ တင်းဝါးချောင်းရွာအနီးတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်သား ၁၅ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၂၇

 

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တင်းဝါးချောင်းရွာအနီးတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်နှင့် ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အုတ်ဖိုမြို့နယ် အရှေ့ဘက် ဗျူဟာလမ်း တင်းဝါးချောင်း ကျေးရွာ အနီး၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ် သား ၁၅ ဦး သေဆုံးကာ ၇ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *