ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာရှိ ပြည်သူ့နေအိမ်များကို ဖောက်ထွင်းခိုးယူဖျက်ဆီး နေသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃ ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရ
သံလွင်မြန်မာသတင်း
မေလ ၂
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာရှိ ပြည်သူ့နေအိမ်များကို ဖောက်ထွင်းခိုးယူ နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးနဂါးစစ်ကြောင်းထံမှ သိရသည်။
ယမန်နေ့ မေလ ၁ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်က ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ အတွင်းရှိ ပြည်သူ့နေအိမ်များကို ဖောက်ထွင်းခိုးယူဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင်များအား P2 – 3703 မီးနဂါးစစ်ကြောင်း တိုက်ကင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
“စခတွေက ရွာထဲမှာ တပ်စွဲပြီး ပြည်သူပိုင်နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတာ၊ ဒဏ်ရာရ စခ ၃ ဦး အခြေအနေနဲ့ ကျန်ထိခိုက်မှုနောက်ဆက်တွဲတော့ အတိအကျမသိရသေပါဘူး။ ၃ စလုံးဒဏ်ရာ ပြင်းထန်တယ်လို့ ကြားသိရပါတယ်၊ တိုက်ပွဲကတော့ ဆက်ဖြစ်နိုင်တယ်။ ရွာထဲမှာတော့ ပြည်သူတွေ မနေတာကြာပါပြီ” ဟု မီးနဂါးစစ်ကြာင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အလားတူ မွန်းတည့် ၁၂ နာရီ ၁ မိနစ်တွင် ပုဇွန်မြောင်းကျေးရွာ ဆွဲဒလွဲပိုင်းတွင် အကြမ်းဖက်စစ် ကောင်စီတပ်က ထိုးစစ်ဆင်ပြီး စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ညောင်လေးပင်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ထိတွေ့တိုက်ပွဲ ၂ ကြိမ်အတွင်း စစ်ကောင်စီတပ်သား ၃ ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိပြီး နောက်ဆက် တွဲသတင်းသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media