Read Time:57 Second
ကဗျာကဏ္ဍ “နောက်ဆုံးတိုက်ပွဲ”
ပျိုးကြဲလက်
စစ်ခွေးအို အလိုကျ
ကရတဲ့ လူမိုက်တွေ ။
မိသားစုကို တန်ဖိုးထားလို့
စဉ်းစားကြလေ ။
ပြည်သူ့ဘက်က ကမ္ဘာမကြေ
ထိုးစစ်အထွေထွေ ဆင်နွဲ ။
အာဏာရှင် စနစ်သုန်းမယ့်
နောက်ဆုံးတိုက်ပွဲ ။
စစ်မြေမှာ ကံထလို့
သုံ့ပန်းဘဝ ရခဲ့သော် ။
အဘတွေ တကူးတက
မကယ်ဘူးနော် ။
စစ်ခုံရုံးမှာ အပြစ်ပေါ်
ထောင်နန်းပျော်ပျော် စံစား ။
ကံခေရင် ပေးဝေအမျှကို
ရကြစေသား ။
ပြည့်မျက်နှာ ငဲ့ထားတဲ့
စစ်သားက ဖရဲချို ။
လက်နက်စုံ အထွေအထူးနဲ့
ကူးခဲ့ပါ့ကို ။
မင်းတို့ဘဝ နေမညို
ပြည်တခို တောက်ကြွား ။
တပ်တော်သစ်ကို ဂုဏ်မောက်အောင်
တည်ဆောက်မယ့်သား ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက် ညနေ ၅ နာရီ ၁၂ မိနစ်
Thanlwin Myanmar Media