Magway News

0 0
Read Time:4 Minute, 12 Second

ငဖဲမြို့နယ်၊ နတ်ရေကန် စခန်းမကျဆုံးစေရေးအတွက် လမ်းပိုင်းလုံခြုံရေးယူရန် ထွက်လာသော စစ်သားများကို ဖြတ်တောက်တိုက်ခိုက်မှု ၉ ဦးသေဆုံးပြီး လက်နက် ၉ လက်နှင့်ခဲယမ်းများ သိမ်း ဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မေလ ၁

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းမကျဆုံးစေရေးအတွက် လမ်းပိုင်းလုံခြုံရေးယူရန် ထွက် လာသော စစ်သားများကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှိုတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၃၀ ရက် နံနက် ၈ နာရီခန့်က ငဖဲမြို့နယ်၊ ပဇီကျေးရွာရှိ ဘုန်းကြီးကျောင်း၌ တပ်စွဲ ထားသော ကပစ ၁၃ မှ တပ်သား ၂၀ ခန့်သည် နတ်ရေကန်တပ်စခန်းမကျဆုံးစေရေး ကားလမ်း လုံ ခြုံရေးဆောင်ရွက်ရန် ထွက်လာသဖြင့် ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) တပ်ဖွဲ့မှ ရဲဘော် များက တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး ၎င်းတို့ကိုင်ဆောင်သော MA အမျိုးစား လက်နက် ငယ် ၉ လက်၊ ကျည်ဘောက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲကတော့ အောက်မြေကနေရော၊ ပုံမှန်နတ်ရေကန်ကိုရော၊ သူတို့ ပဇီကစစ်ကြောင်းတွေ အတွက်ရော အထူးသဖြင့် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်က ရှိနေတဲ့တပ်တွေကို ရိက္ခာဖြည့်တင်းဖို့ကိစ္စတွေအတွက် ကားတွေတက်မယ်ဆိုရင် အဲဒီကားတွေတက်ဖို့အဆင်ပြေစေဖို့ အတွက် အဲဒီလမ်းကြောမှာ လုံခြုံရေးလာယူရတဲ့သဘောမျိုးပါ၊ လုံခြုံရေးလာယူတာကို တိုက်ခိုက် တာဖြစ်ပါတယ်။ တိုက်ခိုက်တဲ့အချိန်မှာ ရန်သူအားလုံးကို အကုန်လုံးကို ရှင်းလင်းနိုင်လိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့ရှင်းနိုင်လိုက်တဲ့ အလောင်းတွေရဲ့သေနတ်ကိုပဲ ရှင်းပြီးတော့ ယူနိုင်တာဖြစ် ပါတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှိုတပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုချင်းက ပြောကြားသည်။

 

အဆိုပါ ငဖြမြို့နယ်၊ ပဇီရွာတပ်စခန်းသည် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းဖြစ်ပြီး တပ်မ ၉၉ ၊ ကပစ ၂ ၊ ကပစ ၁၀ ၊ ကပစ ၁၃ ၊ ကပစ ၁၄ တပ်တို့မှ စစ်သား အင်အား ၁၃၀ ခန့်ဖြင့် တပ်စွဲထားကြောင်း ၊ ယင်းအကြမ်းဖက်စစ်သားများသည် ပြည်သူ့နေအိမ်များမှ ပြည်သူ ပိုင် ပစ္စည်းများအား ခိုးယူရောင်း ချခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

“ပြည်သူတွေဆီက တစ်ချို့စကားသံတွေပြန်ကြားရတာက ကြောက်ရွံ့တဲ့အတွက် စကစနဲ့ ပေါင်းရ တယ်ပေါ့၊ ကြောက်ရွံ့လို့ပေါင်းရတာကို ခွင့်လွှတ်လို့ ၊ ခွင့်ပြုလို့ရပေမယ့် စကစနဲ့ပေါင်းပြီးတော့မှ စကစရဲ့ထောက်တိုင်တွေဖြစ်အောင်၊ အထူးသဖြင့် ကျနော်ဆိုလိုတာက တကယ့်ရှေ့တန်းစစ်မြေပြင် မှာရှိနေတဲ့ ၊ ရှေ့တန်းစခန်းတွေမှာရှိနေတဲ့ ၊ တပ်စွဲထားတဲ့နေရာတွေမှာရှိနေတဲ့ စကစတွေကို ပူး ပေါင်းပြီးတော့မှ ရိက္ခာလမ်းကြောင်းအဆင်ပြေဖို့၊ ပြီးတော့ နေရေးထိုင်ရေးအဆင်ပြေဖို့ ဒီလိုကိစ္စ‌ တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေမလုပ်ဖို့ ၊ ပြီးတော့ စကစနဲ့ပေါင်းသင်းဆက်ဆံရတဲ့အပိုင်းတွေမှာ မလွှဲသာလို့ ပေါင်းသင်းနေရပြီဆိုရင်တောင်မှပဲ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့ ဘယ် လိုအပိုင်းတွေမှာ စကစနဲ့ပေါင်းထားရတယ်။ တခြားအချိန်တွေမှာတော့ စကစနဲ့ကင်းအောင် ဘယ် လိုနေထိုင်ပါတယ်ဆိုတဲ့ ဟာမျိုးတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အတတ်နိုင်ဆုံး ပြည်သူတွေ ပူးပေါင်းဖို့ ပြောချင်ပါတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှိုတပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုချင်း က တိုက်တွန်းပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *