Bago News

0 0
Read Time:3 Minute, 15 Second

တောင်ငူရှိ ကေတုမတီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် တိုက်ခိုက်မှု ၆ လုံးစလုံး လေတပ်အတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုရှိနိုင်

 

သံလွင်မြန်မာသတင်း

မေလ ၁

 

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ကေတုမတီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လေတပ်အတွင်း ၆ လုံးစလုံးကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုရှိနိုင်ကြောင်း BWM က ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၃၀ ရက် ည ၉ နာရီ ၃၅ မိနစ်တွင် တောင်ငူမြို့အခြေစိုက် စစ်ရှုံးကောင်စီ၏ တောင် ငူ(ကေတုမတီ) လေတပ်စခန်းအတွင်းသို့ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၆ လုံး ဖြင့်ပစ်ခတ်ရာ ၆ လုံးစလုံး အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုနှင့် လေတပ်စခန်း အ တွင်း ထိခိုက်ပျက်စီးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တောင်ငူလေတပ်စခန်းသည် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းတောင်နှင့် ပဲခူး အစရှိ သည့် တောင်ပိုင်းတော်လှန်ရေး အင်အားစုများနှင့် ပြည်သူတို့ကို လေကြောင်းဖြင့် နေ့စဉ်မပြတ်ဗုံးကြဲ တိုက်ခိုက်နေသော အဓိက လေတပ် စခန်းဌာနချုပ် တစ်ခုဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော နေပြည်တော် အေလာလေတပ်စခန်း ကို ပြန်လည် ပြင် ဆင်နေချိန်တွင် တိုက်လေယာဉ်အချို့ကိုလည်း လက်ခံထားပေးပြီး တောင်ငူ လေတပ်ကို ပိုမို အသုံး ပြုတိုက်ခိုက်နေသည့် အတွက် BWM နှင့် မဟာမိတ်အဖွဲ့များက လေတပ်နှိမ်နင်းရေး မစ်ရှင်အဖြစ် BWM Mission 36 ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ Mountain Knight Civilian Defense Forces (MKCDF)। Anti- Coup People’s Liberation Force (ACPLF) ၊ သံတောင် မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

BWM နှင့် မဟာမိတ်အဖွဲ့များသည် ဧပြီလ ၃ဝ ရက်နေ့မနက်အစောပိုင်းတွင် တောင်ငူရှိ စစ်ရှုံးကောင် စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) ပစ်ခတ်တိုက်ခိုက်ခဲ့ ပြီး ၂၄ နာရီအတွင်းတွင်ပင် တောင်ငူ လေတပ်စခန်းတို့ကို ဆက်လက်ပစ်ခတ်တိုက်ခြင်းဖြစ်သည်။

 

စစ်ရှုံးကောင်စီ၏လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံတဝန်းတွင် အရပ်သား ပြည်သူများ အသက်ဆုံးရှုံးနေရသဖြင့် BWM အဖွဲ့သည်လည်း များစွာ စိတ်မကောင်းဖြစ်ရ၍ စစ်ရှုံးကောင်စီ၏ လေတပ် စခန်းများကို ကြိုးစား၍ ပြည်သူ့ကိုယ်စား BWM ၏ မစ်ရှင် 36 အဖြစ်မဟာမိတ်တို့ နှင့်အတူ တိုက်ခိုက်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *