Tanintharyi News

0 0
Read Time:1 Minute, 58 Second

လောင်းလုံးမြို့တွင်း ပျူခေါင်းဆောင်ကားဖြင့် ကင်းပတ်နေသော စစ်သား၊ ပျူများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး ကားလုံးဝ ပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၃၀

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့တွင်း၌ ပျူခေါင်းဆောင်ကားဖြင့် ကင်းပတ်နေသော စစ်သား၊ ပျူများ ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ကားလည်း လုံးဝပျက်စီးသွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

 

ဧပြီလ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က လောင်းလုံးမြို့အတွင်း ပျူခေါင်းဆောင် မင်းသိန်းကားဖြင့် ကင်း ပတ်ထွက်လာသည့် စစ်သား၊ ပျူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လျှပ်တပြက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကားမှာ လုံး၀ပျက်စီးသွားကြောင်း သိရသည်။

ထို့အပြင် ကားပေါ်လိုက်ပါလာသော စစ်သား၊ ပျူ ၃ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိကာ ရုပ်ပျက်ဆင်းပျက် ထိခိုက်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးပကဖအပါအ၀င် ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲနှင့် ဒေါနတပ်ခွဲ ၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ပျူခေါင်းဆောင်မင်းသိန်းနှင့်အဖွဲ့သည် လောင်းလုံးမြို့ပေါ်ရှိ ပြည်သူများကို ဖမ်းဆီးကာ ငွေကြေးဖြင့် ပြန်ရွေးခိုင်းခြင်း၊ စစ်မှုထမ်း စုဆောင်းခြင်း၊ အဓမ္မပေါ်တာဆွဲခြင်း၊ ဓါးမြတိုက်ခြင်းနှင့် ဒုစရိုက်မျိုးစုံ ကျူးလွန်နေသည့် အကြမ်းဖက် အဖွဲ့အစည်းဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *