NUG News

0 0
Read Time:3 Minute, 58 Second

စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို နေအိမ် လုပ်ငန်းခွင်၊ စစ်ဆေးဂိတ်များတွင် စစ်တပ်က စီမံချက် ဖြင့် ဖမ်းဆီးနေ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၉

 

စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို နေအိမ် ၊ လုပ်ငန်းခွင်၊ စစ်ဆေးရေးဂိတ်များတွင် စစ်တပ်က စီမံချက်ဖြင့် ဆက်တိုက်ဖမ်းဆီးနေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

 

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလမှစ၍ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်များကို အကြမ်းဖက်စစ်အုပ်စု က ကျယ်ကျယ်ပြန့်ပြန့် အဓမ္မစစ်မှုထမ်းစေခြင်းများကို လုပ်ဆောင်လျက်ရှိပြီး လူငယ်များအား နေ အိမ်များ၊ လုပ်ငန်းခွင်များနှင့် စစ်ဆေးရေး ဂိတ်များတွင် အကြမ်းဖက်စစ်အုပ်စု၏ စီမံချက်ချမှတ် ဖမ်း ဆီးမှုများကို ရင်ဆိုင်နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်အုပ်စုသည် တနေ့တခြား စစ်သည်အင်အား လျော့နည်းလာမှုနှင့် ဘက်ပြောင်း လက်နက်ချမှုများ အဆမတန် များပြားလာမှုများကို အစားထိုး ဖြေရှင်းနိုင်ရန်အတွက် အမည်ခံ “ပြည်သူ့စစ်မှုထမ်း ဥပဒေ” ကို ဗျူဟာတရပ်အနေဖြင့် ချမှတ်ကျင့်သုံးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ စစ်မှုထမ်း ဥပဒေဖြင့် လူငယ်များနှင့် မိသားစုများကို ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ အ တင်းအကြပ် အကြမ်းဖက်ခေါ်ဆောင်သည့် နည်းလမ်းများကိုသုံး၍ စစ်သားစုဆောင်း လျက်ရှိ ကြောင်း သိရသည်။

 

အတင်းအကြပ် စုဆောင်းခြင်းခံရသည့် လူငယ်များထဲတွင် အသက်မပြည့်သေးသည့် ကလေး သူငယ် များနှင့် စစ်မှုထမ်းရန် မသင့်လျာ်သော ရုပ်ပိုင်း၊ စိတ်ပိုင်းမသန်စွမ်းသူများပင် ပါဝင်နေသည်ကို တွေ့ ရှိရကြောင်း NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထောက်ပြထားသည်။

 

ဝန်ကြီးဌာနက မှတ်တမ်းတင်နိုင်သည့် ထွက်ဆိုချက်များအနက် စစ်မှုထမ်းရန် အကြုံးဝင်သည့် လူ ငယ်များ၏ အမည်စာရင်းကို ကောက်ယူပြီး မိသားစုဝင်များထံ ငွေညှစ်တောင်းခံသည့် ဖြစ်ရပ်များ လည်း တွေ့ရသည်ဟု ဆိုသည်။

 

အတင်းအကြပ် စစ်မှုထမ်းစေခိုင်းနေခြင်းများသည် အဓမ္မလုပ်အား ခိုင်းစေခြင်းနှင့် လူကုန်ကူးမှု ကျူး လွန်ခြင်းများမြောက်ကြောင်း၊ ထို့ပြင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များကို စစ်ရေး ဗျူ ဟာ တရပ်အနေဖြင့် ကျင့်သုံး၍ စစ်မှုထမ်းစေခိုင်းနေခြင်းသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန် သည့် ရာဇဝတ်မှု (Crimes against humanity) မြောက်ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေး ဝန် ကြီးဌာနက သုံးသပ်ထားသည်။

 

ထို့အတွက်ကြောင့် ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း အားအ ကြမ်းဖက်စစ်အုပ်စု၏ ယခုလုပ်ရပ်များကို အမြန်ဆုံးရပ်တန့်နိုင်ရန်အတွက် ထိရောက်သော စီးပွား ရေး ပိတ်ဆို့မှုနှင့် လေယာဉ်ဆီ အပါအဝင် လက်နက်များ တင်ပို့ ရောင်းချမှုအား ပိတ်ပင်ခြင်းတို့ကို ချက်ချင်းလုပ်ဆောင်ရန် ဆက်လက်တိုက်တွန်းထားသည်။

 

အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် အဓမ္မစစ်သား စုဆောင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင် လာ သော လူငယ်များကို လူသားချင်းစာနာသော မူဝါဒအား အခြေခံ၍ စောင့်ရှောက်မှုများ လုပ်ဆောင် ပေးပါရန် အထူးတလည် ထပ်မံတိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *