Bago News

0 0
Read Time:3 Minute, 27 Second

လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်တိုက်စွဲသော စစ်သား များ ကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၉

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကိုင်းတောအုပ်စု၊ ဆင်တလင်းကျေးရွာ ဘုန်းကြီး ကျောင်းအတွင်း ဝင်ရောက်တပ်စွဲသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦး အပါ အဝင် ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရ သည်။

 

ဧပြီလ ၂၆ ရက် နံနက် ၂ နာရီခန့်က လက်ပံတန်းမြို့နယ် ၊ကိုင်းတောစုအုပ်စု၊ ဆင်တလင်း ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်သားများ ရောက်ရှိနေကြောင်း သတင်းအရ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များကရှင်းလင်းရန် သွားရောက်ခဲ့ရာ စစ်သား ၁၅ ဦးခန့်တွေ့ရှိရကြောင်း၊ ထို့ ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ ဗိုလ်ကြီး ၁ ဦးနှင့် စစ်သား ၃ ဦး ဒဏ်ရာ အပြင်းအထန်ရရှိပြီး ထွက် ပြေးသွားကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ စစ်သား များ စီးနင်းလာသည့် ဆိုင်ကယ် ၃ စီးကျည်ထိမှန်ပျက်စီးနေသည်တွေ့ရှိရကြောင်း သိရသည်။

 

“အသေမရှိဘူး၊ ကျနော်တို့ ဝင်ပစ်တော့ မခုခံနိုင်ပဲ နီးစပ်ရွာထဲထွက်ပြေးကြတာ။ ထိမှန်တာတော့ များတယ်။ သူတို့ဆိုင်ကယ်တွေလည်း ပျက်စီးကုန်တယ်။ တိုက်ပွဲအပြီး သူတို့ကို လိုက်ရှာပေမယ့် မတွေ့ရတော့ဘူး။ မနက်မိုင်းလင်းလို့ သူတို့က စစ်ကူတက်လာပြီး ရှာကြတော့ ၃ ပွင့် ဗိုလ် ၁ ဦး နဲ့ စခ ၃ ဦး ဒဏ်ရာနဲ့တွေ့တယ်လို့ သတင်းရတယ်။ ကျနော်တို့လည်း စခန်းပြန်ရောက်နေကြပြီဖြစ်လို့ စစ်ကူစစ်ကြောင်းကို မမီလိုက်တော့ဘူး။ စစ်ကူစစ်ကြောင်းလည်း ပြန်ဆုတ်သွားပြီ။ ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာမရှိပါဘူး။ ဆိုင်ကယ်တွေလည်း ပျက်စီးထားလို့ စုပြုံထားခဲ့လိုက်တယ်။ ဆိုင် ကယ်က ၃ စီး ပျက်စီးကျန်ခဲ့တာပါ” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အမှတ် ၁ တိုက်ခိုက်ရေးတပ်ဖွဲ့ ၏ တပ်ခွဲများဖြစ်ကြသောရွှေတန်း မြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင်မိုးညိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“ပြည်သူတွေအနေနဲ့ ရွာထဲမနေစေချင်တော့ပါဘူး။ စခတွေက ကာဗာရနေတာ။ ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ထုရင် ပြည်သူတွေရှိနေတော့ ရှောင်နေရတယ်။” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *