Bago News

0 0
Read Time:2 Minute, 33 Second

မင်းလှမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး‌ သေဆုံးပြီးလက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၈

 

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ် သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂၈ ရက် နံနက်ပိုင်းက မင်းလှမြို့နယ် ၊ ဆာချောင်းကျေးရွာဘက်မှ ဝင်ရောက်လာသည့် အင်အား ၇၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်၍ ငမိုးရိပ် ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့‌ကြောင်း၊ ထို့နောက် ဇရစ် မြောင်ကျေးရွာဘက်သို့ ထပ်မံ စစ်ကြောင်းထိုးလာသဖြင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှာ အထိနာသဖြင့် စစ်ကူစစ်ကြောင်းကလည်း တောင်ပြတ်ကျေးရွာမှ တစ်ဆင့် ဂန့် ဂေါ်ပင် ကျေးရွာသို့ ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း၊ ထို့အပြင်အကြမ်းဖက်စစ်ကောင် စီက Mi (35) ရဟတ်ယာဉ်(၁)စီး၊ ဂျက်ဖိုက်တာ(၂)စီး ဖြင့် လေကြောင်းမှ ပစ်ကူပေးခဲ့ပြီး နေ့လယ် ပိုင်းတွင် ထောက်ကြံ့ကျေးရွာဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းမှ ၁၀ ဦး သေဆုံးခဲ့ပြီး လက်နက်ငယ် ၁၁ လက်၊ ကွန်မန်ဒိုပြောင်းတို ၁ လက်၊ ခဲယမ်းများနှင့် ဆက်စပ် စစ်သုံးပစ္စည်းများကို တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်။

 

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ ၂၂ ကွပ်ကဲမှု အောက်ရှိ အမှတ် ၃၇၀၁ တပ်ရင်း၊ ၃၈၀၁ တပ်ရင်း၊ ၃၈၀၂ တပ်ရင်း၊ ၃၈၀၃ တပ်ရင်းနှင့် ACDF (Asho Chin Defense Force) တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် ၁ ဦး အနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြော်ငး သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *