Htilin News

0 0
Read Time:2 Minute, 34 Second

ထီးလင်းမြို့နယ်၊ ရေမျက်နီရဲစခန်းနှင့် ရွှေအောင်သာရွာ၌ တပ်စွဲထားသော စစ်သားများကို ဗုံးကျဲ ၊ ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၂၇

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရဲစခန်းနှင့် ရွှေအောင်သာရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်များကို ဗုံးကျဲ ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၅ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က ထီးလင်းမြို့နယ်၊ ရွှေအောင်သာ ရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ စစ် စခန်းကို Fixed Wing ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ဂိုထောင်အဖြစ် အသုံးပြုနေ နေအိမ်တစ်လုံးမီးလောင်ခဲ့ပြီး အစောင့် စစ် သား ၂ ဦး သေဆုံးကာ ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရွှေအောင်သာ ရွာထဲမှာက ပြည်သူတွေ တစ်ယောက်မှ မရှိတော့ဘူး။ အဲဒီမှာတော့ ၂ ကောင်သေ တယ်။ ဒဏ်ရာရတာတော့များတယ်။ သူတို့ ပစ္စည်းဂိုဒေါင်သဘောမျိုး သုံးနေတဲ့ အိမ်ပေါ်ကို တစ်လုံး ကျတာ၊ အဲဒီအိမ်ကို မီးလောင်တယ်။ အထဲမှာ ထားတဲ့ ပစ္စည်းတွေ ထပြီးပေါက်ကွဲတာမျိုးလည်းရှိ တယ်။” ဟု YRA ထီးလင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက  ပြောကြားသည်။

 

အလားတူ ဧပြီလ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် ထီးလင်းမြို့နယ်၊ ရေမျက်နီနယ်မြေရဲစခန်းကို Fixed Wings ဒရုန်းဖြင့် ၆၀ မမ ဗုံသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ညနေ ၅ နာရီ အချိန်တွင် Fixed Wing ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၂ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ ဘန်ကာဆီ ထပြေးသော အကြမ်းဖက်စစ်သားများကို အနီးကပ်အသင့်စောင့်နေသော တော်လှန်ရေးတပ်ဖွဲ့ ဝင်များက ၄၀ မမ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ YRA ထီးလင်းရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *