Read Time:1 Minute, 8 Second
ကဗျာကဏ္ဍ “အရိပ်”
ပျိုးကြဲလက်
ငယ်စဉ်မှာ အပူကင်းလို့
ပျော်ရွှင်ခြင်း ဝေဝေဆာ
တက်ကြွလို့သာ ။
အားကိုးနဲ့ ရူးမိုက်စွာ
လည်ပတ်ကာ ဝင်အိပ် ။
အေးဆာယာ ရင်မှာငြိတယ်
မိဘအရိပ် ။
ကျောင်းတော်မှာ အမြင်သစ်နဲ့
ချစ်သူငယ်ချင်း စုံလင်စွာ
ရည်မှန်းချက်မှာ ။
ကြိုးစားလို့ ပညာရှာ
ကြည်နူးစရာ ဟိုအတိတ် ။
ရင်သွေးပမာ အဆုံးအမနဲ့
ဆရာ့အရိပ် ။
ရွှေမြေမှာ တိုင်းရင်းသားနှင့်
ဘိုးဘွားတို့ ချန်ထားခါ
ရောင်သွေးစုံစွာ ။
လူမျိုးစု ထီးတည်းသာ
ညွှန်ပြရာ သံခိပ် ။
အရေးကြီး သွေးနီးလှတယ်
ဆွေမျိုးအရိပ် ။
ကမ္ဘာ့မှာ ညီညွတ်အားနဲ့
သူ့စကား နားမယောင်
ဗမာ့လူ့ဘောင် ။
လူဖြူလူမည်း မခွဲပေါင်
ရာဇဝင်ပြောင်တာ ခေါင်အထိပ် ။
နိုင်ငံသားတို့ ချစ်ကြဟန်
တွင်းပရန် ကာကွယ်ပြုတယ်
ပြည်သူ့အရိပ် ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၂၂ မိနစ်
Thanlwin Myanmar Media