ကျောက်ပန်းတောင်းမြို့နယ်လမ်းပိုင်းတနေရာတွင် ပျူခေါင်းဆောင်ဌေးနိုင်ပါ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး
သံလွင်မြန်မာသတင်း
ဧပြီလ ၂၅
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်လမ်းပိုင်းတနေရာတွင် ပျူခေါင်းဆောင် ဌေးနိုင်ပါ ၂ ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း Popa Guerilla Force (PGF) တပ်ဖွဲ့က ထုတ်ပြန်သည်။
ဧပြီလ ၂၂ ရက်နေ့က မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၈၈ လက် အောက်ခံ ပျူခေါင်းဆောင် ဌေးနိုင်နှင့် အမျိုးသမီး ၁ ဦးတို့ ထွက်လာကြောင်း သတင်းအရ ကျောက် ပန်းတောင်းမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ရှောင်တ ခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးစဉ် ပျူခေါင်းဆောင်ဌေးနိုင်နှင့် အမျိုးသမီးတို့မှာ ဖမ်းဆီးမခံပဲ ပြန်လည်ခုခံသော ကြောင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးစလုံးသေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ ပျူခေါင်းဆောင်ဌေးနိုင်ထံမှ ၎င်းတို့စီးနင်းလာသော ဗို-လ-်မှူ-းမင်-းေ-ဝ၏ ကား တစ်စီး၊ ကာဘိုင်ကျည် ၇၉ တောင့် ၊ ကျည်ဘောက် ၁ ခု၊ ဗုံးသီး ၁ လုံး ၊ အိုင်ကွန်စက် ၁ လုံး၊ ဓားတစ်ချောင်း၊ ဖုန်း ၄ လုံး ၊ ဝန်ထမ်းကဒ်၊ ဘတ်တံဆိပ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ဆောင်မှုကို Popa Guerilla Force (PGF) တပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media