Magway News

0 0
Read Time:2 Minute, 38 Second

ဧရာဝတီမြစ်အတွင်း ဆက်ကြေးကောက်ခံနေသည့် စစ်သား၊ ပျူများကို ပစ်ခတ်ဖမ်းဆီးရာ ၂ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၄

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဧရာဝတီမြစ်အတွင်း ဆက်ကြေးကောက်နေသည့် စစ်သား၊ ပျူစောထီး များကို လိုက်လံပစ်ခတ်ဖမ်းဆီးရာ ၂ ဦးသေဆုံးသွားကြောင်း ဒေါင်းစစ်အောင် LPDF တပ်ဖွဲ့ထံက သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၃ ရက် စလင်းမြို့နယ်၊ ရေနံချောင်းမြို့နယ်၊ ပွင့်ဖြူမြို့နယ် ၃ မြို့နယ်အစပ်နေရာ၌ ဧရာဝတီမြစ်အတွင်း ဖြတ်သန်းသွားလာနေသည့် သင်္ဘောများကို ဆက်ကြေးကောက်နေသော စစ် သား၊ ပျူစောထီးများကို ဒေါင်းစစ်အောင် LPDF တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးရာ ထွက်ပြေး သွားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးစလုံးသေဆုံးသွားကြောင်း သိရသည်။

“ကျနော်တို့စသွားတုန်းကမြို့နယ်မှူးတွေရှိတာပေါ့၊ မြို့နယ်ကအကြီးတွေအထိဆင်းတယ်ကြားလို့ သွားခဲ့တာ၊ ဒါပေမယ့်အောက်က လက်ပါးစေ၊ ခိုင်းစေတဲ့ပဲရှိတာပေါ့၊ နောက်နောင် စခ၊ ရခ ဂိတ်တွေ မှာ ဂိတ်ကြေးတောင်း ၊ ပြည်သူတွေကို အဆမတန်ညှင်းပန်းနှိပ်စက်ပြီးနေတဲ့သူတွေ၊ စကစလက်ပါး စေလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ စစ်မှုထမ်းအတွက် ကောက်ခံတာတွေလုပ်နေတဲ့ အုပ်ချုပ်ရေးမှူး တွေရော၊ ကျနော်တို့စလင်းဘက်မှာတော်တော်များများလုပ်နေပါတယ်။ အဲလိုလူမျိုးတွေကို ကျနော် တို့စတင်ပြီးတော့ အရေးယူမှုတွေလုပ်ဆောင်နေပါပြီလို့ ပြောချင်ပါတယ်။” ဟု ဒေါင်းစစ်အောင် LPDF တာဝန်ခံကိုထူးလေးက ပြောကြားသည်။

 

သေဆုံးသွားသော စစ်ကောင်စီတပ်သား၊ ပျူစောထီးများသည် ရေနံချောင်းမြို့နယ် စအဖ အောင် တင်လင်း၏ ခိုင်းစေမှုဖြင့် ဧရာဝတီ မြစ်အတွင်းသွားလာနေသည့် သင်္ဘောများ ၊ မော်တော်များကို ငွေကြေး ကောက်ခံနေခြင်းဖြစ်ပြီး ထိုသို့ ကောက်ခံနေသည်မှာ တနှစ်နီးပါးကြာမြင့်နေပြီဖြစ်ကြောင်း သိရသ့ည်။

 

သင်္ဘောတစီးကို ကျပ်ငွေ ၁၅၀,၀၀၀ နှင့် ၂၀၀,၀၀၀ ကြား ကောက်ခံလေ့ရှိပြီး နေ့စဉ် ကောက်ခံရရှိ ငွေ ၂၅ သိန်း ဝန်းကျင်ကောက်ခံရရှိလေ့ရှိပြီး အများစုကို ၎င်းတို့ ၏ ခေါင်းဆောင် ရဲဘော် အောင် တင်လင်းကို အပ်နှံရကြောင်း ဒေါင်းစစ်အောင်အဖွဲ့ တာဝန်ခံ ထူးလေးက ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *