Naung Cho News

0 0
Read Time:5 Minute, 0 Second

ပြင်ဦးလွင်မြို့နှင့် ၁၀ မိုင်အကွာရှိ သရက်ကုန်းစခန်း ပြန်လည်ရရှိရေး ထိုးစစ်ဆင်လာသည့် စစ်တပ် စစ်ကြောင်းကို ခုခံတိုက်ခိုက်မှု စစ်သား ၅၉ ဦးသေဆုံး

 

D Day News

ဧပြီလ ၂၇

 

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် ၁၀ မိုက်ခန့်အကွာရှိ သရက်ကုန်းစစ်တပ်စခန်းကို ပြန်လည်ရရှိ ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၅၉ ဦး သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့တွင် ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ်ကျောင်းဝန်း အတွင်းသို့ ရှော့တိုက်ဒုန်းအလုံး ၂၀ ဖြင့် ပတ်ခတ်တိုက်ခဲ့ပြီးနောက်  ဧပြီလ ၁၅ ရက် နံနက်အစောပိုင်းတွင် ပြင် ဦးလွင်မြို့အနီးရှိ စစ်ကောင်စီတပ်စွဲထားသော သရက်ကုန်းကျေးရွာသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တနေကုန် နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ညနေခင်းပိုင်းတွင် အပြီးသတ် သိမ်းပိုက် ရရှိခဲ့ကြောင်း၊ ယင်း စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက် မှု ၆ ကြိမ် ပြု လုပ်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ားများတပ်စွဲထားသည့် သရက်ကုန်းစခန်းသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင် ချို မြို့နယ်ရှိ သရက်ကုန်းကျေးရွာ၌ တပ်စွဲထားခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ၏ စစ် တက္ကသိုလ် – DSA တည်ရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၀) မိုင်အကွာတွင် တည်ရှိကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် အရပ် သား ပြည်သူ့နေအိမ်များလည်း ထိမှန်ပျက်စီးမှုများရှိခဲ့ပြီး အကြမ်းဖက်စစ်သား သေဆုံးမှု၊ ထိခိုက်မှု များစွာရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံအပါအဝင် ခဲယမ်း အမြောက်အများရရှိခဲ့ကြောင်း သိရသည်။

Photo – ကာကွယ်ရေးဝန်ကြီး MDY- PDF ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိခဲ့စဉ်

 

ထိုသို့ သိမ်းပိုက်ရရှိပြီးနောက် အကြမ်းဖက်စစ်တပ်က ပြန်လည်ရရှိရေးအတွက် ဧပြီလ ၁၉ ရက်နေ့မှ စ၍ ကြည်းကြောင်း၊ လေကြောင်းဖြင့် ပြင်းထန်စွာ တန်ပြန်ထိုးစစ်ဆင်တိုက်လာခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

ဧပြီလ ၂၀ ရက်နေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၂) ဦး ကျဆုံးခဲ့ပြီး  ဧပြီလ ၂၁ ရက်နေ့ တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁၃ ဦး သေဆုံးကာ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိုနေ့ တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ် မဟုတ်သော သာသနာ့အဆောက်အဦးများ ဖြစ်သည့် ပါဟက်ရွာ ဘုန်းကြီးကျောင်း၊ ဇာလီရွာ ဘုန်းကြီးကျောင်း၊ သရက်ကုန်း ဘုန်းကြီးကျောင်း များ သို့ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၂ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီး တည်နေရာသို့ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ထိတွေ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း၊ ဧပြီလ (၂၄) ရက်နေ့တွင် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊  ဧပြီလ ၂၅ ရက် နေ့လည်ပိုင်းတွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၁၃ ဦး ခန့် သေဆုံးပြီး (၁၆) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၃၂ ကြိမ်ပြုလုပ်ခဲ့ရာ စစ်ရေးပစ်မှတ် မဟုတ်သည့် သာသနာ့အဆောက်အဦးများ ဖြစ် သည့် ဘုန်းကြီးကျောင်းများအတွင်းသို့ ၂၆ ကြိမ် ကျရောက်ခဲ့ပြီး ပြည်သူများ နေထိုင်သည့် ကျေးရွာ များ အတွင်းသို့ ၈ ကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီဌာန၊ ပြည်သူ့ကာ ကွယ် ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *