ထန်းတပင်မြို့နယ်၊ သောင်ပုချောင်ကျေးရွာအတွင်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်မှု ကြောင့် အသက် ၇၀ ကျော်အရွယ် အဘွားအို ၁ ဦးသေဆုံးပြီး အသက် ၈ နှစ်အရွယ်ကလေး ၁ ဦး အပါအဝင် ၄ ဦးအပြင်းအထန် ဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဧပြီလ ၂၄
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ သောင်ပုချောင်ကျေးရွာအတွင်းသို့ စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၇၀ ကျော်အရွယ် အဘွားအို ၁ ဦးသေဆုံးပြီး အသက် ၈ နှစ် အ ရွယ် ကလေး ၁ ဦးအပါအဝင် ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းထံမှ သိရသည်။
ယနေ့ ဧပြီလ ၂၄ ရက် နံနက်အစောပိုင်း ၁ နာရီ ၁၅ မိနစ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ညောင်ခြေ ထောက် အခြေစိုက် အကြမ်းဖက်စစ်တပ်နှင့် ခလရ ၇၃ တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထန်းတပင်မြို့နယ်၊ သောင်ပုချောင်ကျေးရွာအတွင်း ၂ လုံးကျရောက်ပေါက်ကွဲခဲ့ ကြောင်း သိရသည်။
ထို့သို့ လက်နက်ကြီးကျဗေရာက်ပေါက်ကွဲမှုကြောင့် သောင်ပုချောင်ကျေးရွာမှ အသက် ၇၀ နှစ် ကျော်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦး ငယ်ထိမှန် စိုးရိမ်ရဒဏ်ရာ၊ အသက် ၅၀ ခန့်အရွယ် အမျိုးသမီး ၁ ဦး နောက်ကျော ခါးအထက်မှ ဝမ်းဗိုက်အတွင်း လက်နက်ကြီးစဖောက်ဝင်ဒဏ်ရာ စိုးရိမ်ရ၊ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး တင်ပါးနှင့်ပေါင် ထိမှန် စိုးရိမ်ရဒဏ်ရာနှင့် အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး မျက်နှာထိမှန် မစိုး ရိမ်ရ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သိရသည်
“စစ်ကောင်စီတပ်တွေ အနေနဲ့ ဒီလိုလုပ်ရက်တွေအတွက် ထိုက်တန်တဲ့တန်ပြန်ပေးဆပ်မှုမျိုးနဲ့ မ ကြာခင် ကြုံရစေမယ်လို့ပဲ ပြောချင်ပါတယ်” ဟု တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲသည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ ပြည်သူများရှိရာ နေရာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
Thanlwin Myanmar Media