တိုက်ပွဲအတွင်း ဖုန်းကျပျောက်ခဲ့သဖြင့် ပြန်လာရှာဖွေသည့် စစ်သား ၂ ဦးကို တော်လှန်ရေးတပ်ဖွဲ့ များက ဖမ်းမိ၊ ဖမ်းဆီးခေါ်ဆောင်လာစဉ် သေနတ်လုထွက်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦး စလုံး သေဆုံး
သံလွင်မြန်မာသတင်း
ဧပြီလ ၂၄
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမပေါ်တိုက်ပွဲအတွင်း ဖုန်းကျကျန်ခဲ့သဖြင့် ပြန် လာရှာဖွေသည့် စစ်သား ၂ ဦးကို အရှင်းဖမ်းမိခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်လာစဉ် သေနတ် လုယူ ထွက် ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးစလုံးသေဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။
မတ်လ ၃၀ ရက်ဦနေ ၅ နာရီခန့်က မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို တက်လာသည့် အကြမ်း ဖက်စစ်ကောင်စီ တပ်သားများကို ကျွန်းကုန်းရွာအနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ ရဲဘော်များ မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သးများ ဖရဲဖရဲဖြင့် စမ်းဘုတ်ရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ ဖရဲဖရဲဖြင့် ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများထဲမှ စစ်သား ၂ ဦးသည် မိုလ်ဘိုင်းဖုန်းများ ကျကျန်ခဲ့သည်ဟုဆိုကာ ရှာဖွေရန်အတွက် မတ်လ ၃၁ ရက် နံနက် ၅ နာရီခန့်တွင် ကျွန်းကုန်းကျေးရွာဘက်သို့ လာရောက်ခဲ့ရာ တော်လှန်ရေးရဲဘော်များက အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ရာ ၄င်းတို့ကိုယ်တိုင်လည်း စစ်ကောာင်စီတပ်သားများဖြစ်သည်ဟု ဝန်ခံထွက်ဆိုခဲ့ ကြောင်း သိရသည်။
စစ်ဆေးမေးမြန်းပြီးနောက် ၄င်းတို့နှစ်ဦးအား ဂျီနိုဗာကွန်ဗန်းရှင်းအရ ထိန်းသိမ်းရန်အတွက် နောက် တန်း စခန်းသို့ ဖမ်းဆီးခေါ်ဆောင်စဥ် တော်လှန်ရေး ရဲဘော်များ၏ သေနတ်ကို လုယူကာ ထွက်ပြေး ကြသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးရာ ၂ ဦးစလုံး ကျည်ထိမှန်၍ သေဆုံးသွားကြောင်း သိရသည်။
Thanlwin Myanmar Media