NUG News

0 0
Read Time:3 Minute, 15 Second

အပစ်ရပ်သည်ဟု ကြေညာခဲ့သော်လည်း စစ်ကောင်စီက ပြည်သူလူထုအပေါ် လေကြောင်း တိုက်ခိုက်မှု ပိုမိုပြင်းထန်စွာလုပ်ဆောင်နေပြီး ရန်သူပီသသည်ထက် ပိုမိုယုတ်မာနေကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၄

 

စအပစ်အခတ်ရပ်သည်ဟု ကြေညာထားသော်လည်း စစ်ကောင်စီက ပြည်သူလူထုအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြင်းထန်စွာ လုပ်ဆောင်နေပြီး ရန်သူပီသသည်ထက်ပိုမိုယုတ်မာနေ ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်းက ပြောကြားသည်။

 

ဧပြီလ ၂၂ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ၁၂ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးတွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အင်အား ပြင်းငလျင်ဖြစ် ပေါ်ခဲ့မှုကြောင့် ကျွန်တော်တို့အနေနဲ့ ငလျင် ဒဏ်ခံရတဲ့ နေရာဒေသတွေ မှာ ထိုးစစ်တွေရပ်ဖို့ ကြေညာခဲ့ပေမယ့် တဘက်က အကြမ်းဖက်စစ်အုပ်စုကတော့ ဒီရက်ပိုင်း တွေမှာ ပြည်သူတွေကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမို ပြင်းထန်စွာ လုပ်လာတာကို စိတ် ပျက်ဖွယ်တွေ့ရပါတယ်။ ရန်သူကတော့ ရန်သူပီသတာထက်ကို ပိုပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ ပြင်ဆင်မှုတွေကို လစ်ဟင်းခြင်းမရှိပဲ အကန့်အသတ်ဖြစ်လာတဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံး ချရင်း စီမံကြဖို့ လိုအပ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

 

တော်လှန်ရေး အင်အားစုများအနေဖြင့် တော်လှန်ရေးရှေ့ခရီးကို နိုင်ငံရေးအရ ချဥ်းကပ်ပုံ အလုံးစုံ မတူညီနေကြသည်ကို အားလုံး သတိထားမိမည်ထင်ကြောင်း၊  တချို့သောမဟာမိတ်တော်လှန်ရေး အင်အားစုများအနေဖြင့် စစ်ရေးဖိအားပေး နိုင်ရန်စေရန် ကြိုးပမ်းရင်း နိုင်ငံရေးအရ အင်ပြည့်အား ပြည့် တစုတစည်းတည်း အင်အားကောင်းကောင်းဖြင့် သွားနိုင်ရန် စဥ်းစားမှုရှိသလို တချို့မဟာမိတ် အင်အားစုများကလည်း အနာဂတ်ဖက်ဒရယ်အရေး ပိုမိုအားစိုက်ရင်း နိုင်ငံတကာအခြေအနေ၊ ရှု ထောင့်များကို ပိုမို ထည့်သွင်းစဥ်းစားပြီး သွားချင်ကြသူလည်း ရှိကြောင်း အသိပေးထားသည်။

 

“နိုင်ငံတကာရဲ့ ဖိအား ကလည်း ငလျင်ကို အကြောင်းပြုပြီး ပိုမိုများလာနိုင်ဖွယ် ရှိပါတယ်။ အခုဆို ရင် အာဆီယံဘက်ကတော့ အင်တိုက်အားတိုက် စီမံဆောင်ရွက်လာတဲ့ အခြေအနေတွေကိုတော့ အားလုံးလည်း သိရှိပြီး ဖြစ်ပါတယ်။ နောက်ထပ်လာနိုင်ဖွယ်ရှိတဲ့ နိုင်ငံတကာရဲ့ အခင်းအကျင်း တွေ ကိုလည်း ကျွန်‌တော်တို့ဘက်က ကြိုတင်တွက်ဆထားဖို့နဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *