ပေါက်ခေါင်း -အုတ်တွင်းလမ်းပေါ်တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဧပြီလ ၂၄
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပေါက်ခေါင်းအုတ်တွင်း ကားလမ်းဘေး၌ ကင်းပုန်းဝပ်ရန် တွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ပြည်ခရိုင် အမှတ် ၃၆၀၂ တပ်ရင်းထံမှ သိရသည်။
ဧပြီလ ၁၉ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ပေါက်ခေါင်းမြို့နယ်၊ ခြောက်ပင်သစ်တောစိုက်ခင်း အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သား အင်အား ၇ဝ အနက်မှ ၂၀ ခန့်သည် ပေါက်ခေါင်း -အုတ်တွင်းကား လမ်းဘေး၊ ဖြိုးစည်သူ ဘုရားကုန်းအနီး၌ ကင်းပုန်းဝပ်ရန် ထွက်လာစဉ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် ၃၆၀၂ ပြည်ခရိုင်တပ်ရင်းမှ ရဲ ဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ငယ် များဖြင့် ပြန်လည် ပစ်ခတ်မှု ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယခုအချိန်သည် တစ်နိုင်ငံလုံး စစ်ရေးအရှိန်မြင့်လာပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် တိုက်ပွဲ သတင်းများ၊ လေကြောင်းရန်ကာကွယ်ရေး သတိပေးချက်များ၊ စစ်ဘေးရှောင် ဆောင်ရန် ရှောင်ရန် အချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့များမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို လိုက်နာဆောင်ရွက်ပေးကြပါရန် အသိပေးထားသည်။
Thanlwin Myanmar Media