Chin State News

0 0
Read Time:2 Minute, 30 Second

ဖလမ်းမြို့သိမ်းတိုက်ပွဲမှတ်တမ်းရုပ်သံကို MBT တပ်ဖွဲ့ ထုတ်ပြန် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၄

 

ချင်းပြည်နယ် ဖလမ်းမြိုသိမ်းတိုက်ပွဲမှ ပြန်ရောက်လာသော ကျားမဲများအား ကြိုဆိုခြင်းနှင့် တိုက်ပွဲ မှတ်တမ်းအချို့ကို Myingyan Black Tiger – MBT တပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။

​Myingyan Black Tiger(MBT)၊မြင်းခြံခရိုင် အမှတ် (၉)တပ်ရင်းအနေဖြင့် ချင်းညီနောင်စစ် ဆင်ရေး (Operation CB) အဖြစ် ဖလမ်းမြိုသိမ်းစစ်ဆင်ရေးတွင် မြေပြန့်ဒေသမှတော်လှန်ရေး အင်အားစု များဖြစ်သည့် 96 Soliders PDF ၊ Anti-Fascist Internationalist Front(AIF) ၊ Burma National RevolutionaryArmy(BNRA) ၊  Burmese Revolutionary Technical Front(BRTF ယမ်းအဖွဲ့) ၊ Generation Z Army(GZA) ၊ Giant Revolution Force(GRF) ၊ Harmonious Northern Brothers (HNB) ၊ Kalay Revolution Force(KRF) ၊ Kalay Urban Guerrilla(Kalay UG) ၊ National Liberation Army(NLA) ၊ Revolution Ambulance Wolf(RAW Medical Team) ၊ Sagaing Federal Troop (SFT-စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု) ၊ Yaw Defense Force(YDF) ၊ Zo Army (ZA) ၊ ကလေးခရိုင် ပကဖ Drone အဖွဲ့တို့နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်း သိရသည်။

 

ဖလမ်းမြိုသိမ်းစစ်ဆင်ရေးသည် ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၉ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ အထိ စစ်ဆင်ရေးကာလ ၅ လတာ ကြာမြင့်ခဲ့ပြီး ဖလမ်းမြိုနယ်တစ်ခုလုံးအား စစ်ကောင်စီကင်းစင် သော နယ်မြေအဖြစ် ချင်းညီနောင်(CB) ၏ကွပ်ကဲမှုနှင့်အတူ မြေပြန့်ဒေသမှ တော်လှန်ရေးအင်အား စုများက လက်တွဲညီညီ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

ဖလမ်းမြိုသိမ်းစစ်ဆင်ရေးအတွင်း တော်လှန်ရေးအင်အားစုများမှ ရဲဘော်(၈၉)ဦး မြင့်မြတ်စွာကျဆုံး ခဲ့ပြီး Myingyan Black Tiger(MBT)၊မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်းမှလည်း ရဲဘော် ၇ ဦးပါဝင် ကြောင်း၊ ရဲဘော် (၃)ဦး ကိုယ်လက်အင်္ဂါဆုံးရှုးခဲ့ကာ ရဲဘော် (၃၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

Myingyan Black Tiger(MBT)၊မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းအနေဖြင့် “အကြမ်းဖက်စစ်အာ ဏာ ရှင်စနစ်”အပြီးတိုင်ချုပ်ငြိမ်းသည်အထိ တောင်တန်းဒေသရော မြေပြန့်ဒေသရောပါမကျန် ဆက် လက်တိုက်ပွဲဝင်သွားပါမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *