Magway News

0 0
Read Time:1 Minute, 47 Second

ပခုက္ကူမြို့တပ်မ ၁၀၁ မှ ပျံတက်လာသော စက်တပ်လေထီး ၁ စီး ပျက်ကျစဉ် လိုက်လံရှင်းလင်းပြီး မီးရှို့ဖျက်ဆီး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၄

 

မကွေးတိုင်း၊ ပခုက္ကမြို့တပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီး ၁ စီးပျက်ကျစဉ် လိုက်လံရှင်း လင်းမီးရှို့ဖျက်ဆီးလိုက်ကြောင်း Pakokku People Defense Force – PPDF ထံမှ သိရသည်။

 

ဧပြီလ ၂၂ ရက် ညနေ ၅ နာရီခန့်က ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ တက်လာသည့် စက်တပ် လေထီး ၃ စီး အနက် ၁ စီးသည် စက်ချို့ယွင်းကျ ပျက်ကျသွားသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းခဲ့ရာ စက်တပ်လေထီးမောင်းသူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရ သည်။

ထို့ကြောင့် စက်တပ်လေထီးကို သိမ်းယူရန် ကြိုးစားခဲ့သော်လည်း စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမှုကြောင့် သိမ်းယူခြင်းမပြုနိုင်ပဲ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လုပ်ဆောင်မှုကို Pakokku People Defense Force (PPDF) နှင့်အတူ Burma Revolution Rangers (BRR) မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပခုက္ကူမြို့နယ်အပါအဝင် အညာဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူလူထု များနေထိုင်ရာ ကျေးရွာများကို စက်တပ်လေထီး (Paramotor) များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး ထိခိုက်သေဆုံးမှုများပြားလျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *