Rakhine News

0 0
Read Time:4 Minute, 40 Second

ဘူးသီးတောင်အခြေစိုက် စကခ ၁၅ ကို သိမ်းပိုက်ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ၊ ဘူးသီး တောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့များတွင် တိုက်ပွဲပြင်းထန်နေ

 

အကြမ်းဖက်စစ်တပ်က လူမျိုးရေးပဋိပက္ခဖြစ်စေရန် ဖန်တီးလျက်ရှိဟု AA သတိပေး

 

D Day News

ဧပြီလ ၂၆

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၁၅ ကို အပြီးသတ်သိမ်း ပိုက်ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့များတွင် လည်း တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်ထားသည်။

 

ယနေ့ ဧပြီလ ၂၆ ရက် ညနေပိုင်းက ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်အတွင်း ရှိ ပြည်သူများ အနေဖြင့် ညမထွက်ရ အမိန့်ထုတ်ပြန်ရာတွင် ရခိုင့်တပ်တော် – AA က ထည့်သွင်းပြော ဆိုထားခြင်းဖြစ်သည်။

 

အာရက္ခဒေသအတွင်း၌ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ နှင့် အာရက္ခတပ်တော်တို့သည် တိုက် ပွဲ များ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြိုများတွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ရှိနေဆဲဖြစ်ကြောင်း၊ အထူးသဖြင့် ဘူးသီးတောင်၊ စကခ (၁၅) အား အပြီးသတ် သိမ်းပိုက် ရယူနိုင်ရေးအတွက် ဖြစ်ပွား လျက်ရှိသော တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့ နယ် အ တွင်း တိုက်ပွဲများမှာ ပိုမိုပြင်းထန်လျက်ရှိကြောင်း ရခိုင့်တပ်တော် -AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

 

ထိုသို့ ပြင်းထန်သောတိုက်ပွဲများနှင့်အတူ စစ်ရှုံး အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် အာရက္ခ ဒေသအတွင်း မတူညီသော လူ့အဖွဲအစည်းများအကြားတွင် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားလာ စေရန် ကြိုးစားနေသကဲ့သို မူဆလင်လူမျိုးများအား စစ်သင်တန်းပေး၍ တိုက်ပွဲများ အတွင်းတွင် အသုံးပြုနေခြင်း၊ မူဆလင်အကြမ်းဖက်အဖွဲများအား လက်နက်များတပ်ဆင်ပေးခြင်း စသည်တိုကိုပြုလုပ်ကာ ယုတ်ညံ့သော နိုင်ငံရေးအောက်လုံးများကိုသုံးပြီး လူမျိုးရေးပဋိပက္ခဖြစ်ပွား စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးလုပ်ဆောင်လျက် ရှိသည်ကို ထင်ရှားစွာ တွေ့မြင်နေရကြောင်း ဆက်လက်ပြောဆိုထားသည်။

 

အခြားတစ်ဖက်တွင် မူဆလင်အကြမ်းဖက်အဖွဲ့များမှလည်း တစ်ဖွဲ့ချင်းသော်လည်းကောင်း၊ စစ် ကောင်စီနှင့်အတူ ပူးပေါင်း၍သော်လည်းကောင်း၊ စစ်ကောင်စီသင်တန်းဆင်းမူဆလင်များမှ သော် လည်းကောင်း အာရက္ခတပ်တော်အား ခပ်စိပ်စိပ်တိုက်ခိုက်လာခြင်း၊ မူဆလင်မဟုတ်သည့် အခြား သော ပြည်သူပိုင် ပစ္စည်းဥစ္စာများအား ဖောက်ထွင်းခိုးယူခြင်း၊ လူနေအိမ်များအားမီးရှို့ခြင်း စသည့် အာရက္ခပြည်သူလူထုတတို့၏အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေးတို့ကို ခြိမ်းခြောက်နေသော အကြမ်းဖက်လုပ်ရပ်များအား ဘူးသီးတောင်နှင့် မောင်တော ဒေသများ၌ ဆက်တိုက်ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

 

ထို့ကြောင့် အဆိုပါဒေသများ၌ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှစ၍ ည ၇ နာရီ မှ နံနက် ၆ နာရီ အချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်သည်ဟု ဆိုသည်။

 

ဤညမထွက်ရအမိန့်အား ထုတ်ပြန်လိုက်သည့်နေ့မှစ၍ ထုတ်ပြန်ချက်အား ရုတ်သိမ်းကြောင်း မထုတ်ပြန်မချင်း ဘူးသီးတောင်နှင့်မောင်တောဒေသတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် မပျက်မကွက် လိုက်နာကြပါရန် အသိပေးမေတ္တာရပ်ခံထားသည်။

 

လိုက်နာရန် ပျက်ကွက်သူများရှိပါက ထိုက်တန်သော အပြစ်ပေး အရေးယူမှုများကို လုပ်ဆောင်သွား မည် ဖြစ်ကြောင်း အသိပေးထားသည်။

 

အကယ်၍ မိဘပြည်သူများအနေဖြင့် မဖြစ်မနေသွားလာ ရမည့်ကိစ္စရပ်များရှိလာပါက သက်ဆိုင်ရာ ULA အုပ်ချုပ်ရေးတာဝန်ခံများထံ ကြိုတင်အကြောင်းကြားကာ ခွင့်ပြုချက်ရယူပြီးမှ သွားလာကြပါ ရန် အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *