Sagaing News

0 0
Read Time:3 Minute, 31 Second

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်သူ ပျူစောထီး၊ SNA တပ်ဖွဲ့ဝင်များ၊ ထွေအုပ် လက် အောက်ခံ အုပ်ချုပ်ရေးမှူးအပါအဝင် စစ်တပ်ထောက်တိုင် ၃၀ ကျော်ကို ဖမ်းဆီးအရေး ယူထား

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၃

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ထား သူ ပျူစောထီးများ၊ SNA တပ်ဖွဲ့ဝင်များ၊ ထွေ/အုပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးမျာအပါအဝင် စစ် တပ်ထောက်တိုင် ၃၀ ကျော်ကို ဖမ်းဆီးအရေးယူထားကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရ သည်။

 

ဧပြီလ ၇ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည့် အင်တော်မြို့သိမ်းတိုက်ပွဲနှင့်အတူ တရွာတည်းသား PDF တပ်ဖွဲ့ဝင် မိသားစုဝင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ပျူစောထီးအဖွဲ့ဝင်များနှင့် ပြည် သူများ ကို ဖမ်းဆီးထောင်ချရာတွင် ပါဝင်ခဲ့သည့် အကြမ်းဖက်စစ်တပ်ထောက်တိုင် အုပ်ချုပ် ရေးမှူးများအပါအဝင် ၃၈ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဖမ်းဆီးကာ အရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဖမ်းမိတာက မြို့သိမ်းတိုက်ပွဲဖြစ်တဲ့နေ့ကလည်းက ဖမ်းမိတာမှန်ပါတယ်။ အခုသူတို့ကိုတော့ တိုင်း ကိုလွှဲပို့ပေးထားတယ်။ ပျူစောထီးတွေ၊ SNA တပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ် အုပ်ချုပ် ရေးမှူးတွေပေါ့၊ မြို့နယ်မှူးမောင်လှတင့်ဆိုတာက တော်တော်ဆိုးတယ်၊ အရက်မူးလာရင် တစ်မြို့ သေနတ်ဖောက်ပြီး ပတ်ရမ်းတဲ့သူ၊ ဖမ်းမိတဲ့သူတွေက သူတို့က ဒေသခံတွေဆိုတော့ ဘယ်သူက ဘာ လုပ်တယ်ဆိုတာ သိနေတာပေါ့၊ သိနေတော့ စစ်တပ်ကို သတင်းပေးပြီး ဖမ်းခိုင်းတာ၊ ပြီးတော့ ပျူ‌ စောထီးတွေဆိုရင် သူတို့ကိုယ်တိုင် သတ်ဖြတ်တာမှာ ပါဝင်ကျူးလွန်တဲ့သူတွေ” ဟု ဒေသတင်းရင်း မြစ်က ပြောကြားသည်။

 

ဖမ်းဆီးရရှိသူများထဲတွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က အင်းတော်မြို့နယ်၊ နတ်မ ဟုတ်ကြီးကျေးရွာနေ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကို မိသားစုဝင် အမျိုသား ၈ ဦးကို အစု လိုက် အပြုံလိုက် သတ်ဖြတ်မှုကို ဦးဆောင်ခဲ့သူ ပျူစောထီးခေါင်းဆောင် တင့်ဇော်ဝင်း၊ အင်းတော်မြို့နေ ပြည်သူများကို ဖမ်းဆီးထောင်ချရာတွင်ဦးဆောင်သူ မြို့နယ်မှူးလှတင့်၊ ပျူစောထီးခေါင်းဆောင် အောင်မြင့်နိုင်၊ ပျူစောထီးအဖွဲ့ဝင် အောင်းကုန်းရွာသား အောင်ဝင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန မြို့နယ်ဦးစီးမှူးတို့ ပါဝင်ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် အင်းတော်မြို့သိမ်းတိုက်ပွဲကို KIA ၊ PDF ပူးပေါင်း တပ်ဖွဲ့များ စတင်ခဲ့ရာ ၈ လခန့်အကြာ ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမြို့သိမ်းတိုက်ပွဲအတွင်း တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးအပါအဝင် စစ်သုံ့ပန်း ၁၈၀ ကျော်ကို ဖမ်းမိခဲ့သည့်အပြင် လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *