Shan State News

0 0
Read Time:2 Minute, 34 Second

နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးတဝိုက်ကို စစ်တပ်က ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် အသုံးပြု တိုက်ခိုက်မှု တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဓာတုအဆိပ်သင့်ပြီး မူးဝေအော့အန်ဝေဒနာခံစားခဲ့ရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးတဝိုက်ကို အကြမ်းဖက် စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ ဓာတုအဆိပ်သင့်ပြီး မူးဝေအော့အန်ဝေဒနာခံစားခဲ့ရကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ် မတော် – DPLA ကထုတ်ပြန်သည်။

 

ဧပြီလ ၂၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင် နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာအနီး တဝိုက် ရှိ ဓနု ပြည်သူ့လွတ်မြောက်ရေး တပ်မတော် -DPLA နှင့် မဟာမိတ်TNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားရာ နေရာ ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဓာတုအဆိပ်ဓာတ်ငွေ့ဗုံး ၃ လုံး၊ ညနေ ၃ နာရီ ၆ မိနစ်တွင် ဓာတုအဆိပ်ဗုံး ၄ လုံးအသုံးပြု၍ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် ကျဲချတိုက်ခိုက်မှုကြောင့် အဆိပ်ငွေ့ရှူရှိုက်မိသောရဲဘော်များမှာ မူးဝေ အော့အန်ခြင်း ၊ သွေးပေါင်ချိန်ကျခြင်း ဝေဒနာများခံစားခဲ့ရကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲထားကြောင်း ကြေညာထားသော်လည်း နိုင်ငံတ ကာမှ တားမြစ်ထားသော အဆိပ်ဓာတ်ငွေ့ဗုံးများကို အသုံးပြု၍ အကြိမ်ကြိမ် တိုက်ခိုက်လျက်ရှိ တောင်းခမ်းတွင်သာမက အခြားတော်လှန်ရေးတပ်များ ရှိသောနေရာများတွင်လည်း မကြာခဏ တိုက်ခိုက်နေသည်ကို တွေ့မြင်နေရကြောင်း DPLA က ပြောဆိုထားသည်။

 

တောင်းခမ်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ဗုံးများကျဲချခြင်း၊ လက်နက်ကြီးများပစ် ခတ်ခြင်းနှင့် အဆိပ်ဓာတ်ငွေ့ဗုံးများ အသုံးပြု၍ ထိုးစစ်ဆင်ပြုလုပ်နေမှုကြောင့် TNLA ၊ DPLA တပ် တို့နှင့် စစ်ကောင်စီတပ်များကြား ယနေ့အချိန်ထိ တိုက်ပွဲဆက်လျက်ဖြစ်ပွားလျက် ရှိနေကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *