Mandalay News

0 0
Read Time:3 Minute, 0 Second

စဉ့်ကူးမြို့နယ်အောက်ဇီးကုန်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၅ လသား အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၂

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ အောက်ဇီးကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၅ လသားအရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၁ ရက် ညနေ ၃ နာရီ ၃၀ မိနစ်က စဥ့်ကူးမြို့နယ် အောက်ဇီးကုန်းကျေးရွာကို အ ကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၅ လအရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၎င်းတို့ အနက် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး အပြင်း အထန် ဒဏ်ရာရရှိပြီး ကျန်ပြည်သူများမှာ စိုးရိမ်စရာမရှိကြောင်း သိရသည်။

ထို့အပြင် ပြည်သူ့နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့သည့်အပြင် နွား ၁ ကောင်၊ ဝက် ၄ ကောင် သေဆုံး လည်း သေဆုံးခဲ့ကြောင်း သိရသည်။

 

“စဉ့်ကူး၊ အောက်ဇီးကုန်းရွာကို လေကြောင်းကနေ ဗုံးကျဲသွားတာ၊ အသက် ၅ လသားအရွယ် ကလေးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရတယ်၊ အဲဒီထဲက အသက် ၆၀ ဝန်းကျင် အမျိုးသမီးက ပြင်းထန်ဒဏ်ရာရပြီး ကျန်တဲ့သူတွေက မစိုးရိမ်ရဘူး။ နွား ၁ ကောင်၊ ဝက် ၄ ကောင်သေတယ်၊ နေအိမ် ၃ လုံးလည်း ပျက်စီးတယ်” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် မန္တလေးတိုင်း၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ လူထုနေထိုင်ရာကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ နေ့စဉ့်နေ့တိုင်း လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ် ရေး နည်းလမ်းများ လိုက်နာကြရန်နှင့် အိမ်တိုင်းအိမ်တိုင်း ဗုံးခိုကျင်းများထူးကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားသည်။

 

ဧပြီလ ၂၀ ရက် ည ၁၀ နာရီအချိန်ကလည်း စဉ့်ကူးမြို့အဝင် တံတားအနီးကို အကြမ်းဖက်စစ်ကောင် စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သစ်ပင်ထိမှန်ပေါက်ကွဲသွားပြီး ပြည်သူထိခိုက်မှုမရှိ ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *