ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီအုပ်ချုပ်ရေးမှူးများနှင့် စစ်တပ်အတွက်အလုပ်လုပ်ပေးနေသူ ၅ ဦး ပစ်ခတ်ခံရပြီးသေဆုံး
သံလွင်မြန်မာသတင်း
ဧပြီလ ၂၁
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ်အတွက် အလုပ် လုပ်ပေးနေသူ ၅ ဦးကို ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း ပုဂံဘီလူးတပ်ဖွဲ့မှ ထံမှ သိရသည်။
ဧပြီလ ၁၉ ရက် ညပိုင်းက ညောင်ဦးမြို့နယ်၊ ရွာပုလဲကျေးရွာ အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး ခင်မောင်ကြည်နှင့် ဆယ်အိမ်မှူး နိုင်လင်းစိန်တို့ကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။
အလားတူ ဧပြီလ ၁၈ ရက် ည ၈ နာရီခန့်ကလည်း ညောင်ဦးမြို့နယ်၊ မြေနီကျေးရွာ အုပ်ချုပ်ရေးမှူး ရဲတင့်နှင့် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ အုပ်ချုပ်ရေးမှူးရဲ၏ သမက် ဇော်မင်း ဌေး (ခ) စမုံတို့အား တော်လှန်ရေးအဖွဲ့တစ်ခုမှ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွား ကြောင်း သိရသည်။
ထို့အပြင် ဧပြီလ ၁၇ ရက် ည ၈ နာရီခန့် ညောင်ဦးမြို့နယ်၊ မြေသင်းတွင်းကျေးရွာနေ အကြမ်းဖက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ရဲထွန်းကို တော်လှန်ရေးအဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံး သွားကြောင်း သိရသည်။
ပစ်ခတ်ရှင်းလင်းခံရသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီထောက်တိုင်များသည် ပြည်သူလူထုအပေါ် မတရားအနိုင်ကျင့် ခြိမ်းခြောက်ခြင်း၊ စစ်မှုထမ်းကြေးဟု ဆိုကာ ပြည်သူများ ထံ ဆက်ကြေးကောက်ခံခြင်း၊ လူငယ်များကို အတင်းအဓမ္မစစ်တပ်အတွင်း ထည့်သွင်းခြင်းတို့ လုပ် ဆောင်နေသူများဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media