စစ်ကိုင်းမြို့၊ ရဲတပ်ရင်း ၁၆ အနီးတွင် ပြည်သူများကို ဆက်ကြေးကောက်နေသော စစ်သား၊ ရဲများကို တိုက်ခိုက်မှု ၅ ဦး သေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဧပြီလ ၂၁
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အမှတ် ၁၆ ရဲတပ်ရင်းအနီးတွင် ပြည်သူများကို ဆက်ကြေးကောက်နေ သော စစ်သား၊ ရဲများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက် ကျားတပ်ဖွဲ့ (စစ်ကိုင်း) ထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၂၀ ရက် ညနေ ၄ နာရီ ၁၀ မိနစ်က စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း – မုံရွာ – ရွှေဘို လမ်း မပေါ် ၊ စစ်ကိုင်းမြို့ ရဲတပ်ရင်း ၁၆ အနီးတွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာ နမခ သို့ ထွက်ခွာလာ သော အကြမ်းဖက်စစ်ကား ၁၀ စီးပါယာဉ်တန်းကို လုံခြုံရေး ယူပေးရင်း ပြည်သူလူထု၏ ကားများကို ဖမ်းဆီး၍ အတင်းအဓမ္မဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ ထိခိုက်ဒဏ်ရာရရှိသူများသည် ဆေးကုသမှုခံယူနေကြောင်း သိရှိ ရသည်။
အဆိုပါစစ်ဆင်ရေးကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ စစ်ကိုင်း နှင့် Sagaing PDF တို့ ပူးပါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media