ထိုင်း -မြန်မာနယ်စပ်ရှိ ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူးအပါအဝင် စစ်သား ၁၀၀ ခန့် သေဆုံး၊ စခန်းသိမ်းတိုက်ပွဲမပြီးခင် ဗျူဟာမှူးစစ်သားအချို့ကို အရှင်ဖမ်းမိခဲ့သော်လည်း ပြန်လည်ခု ခံမှုကြောင့် ပစ်သတ်လိုက်ရ
သံလွင်မြန်မာသတင်း
ဧပြီလ ၂၁
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထိုင်း -မြန်မာနယ်စပ်ရှိ ထီးထဗျူဟာစခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ ဗျူဟာမှူးအပါအဝင် စစ်သား ၁၀၀ ခန့်သေဆုံးခဲ့ပြီး စခန်းသိမ်းတိုက်ပွဲမပြီးခင် ဗျူဟာ မှူးစစ်သားအချို့ကို အရှင်ဖမ်းမိခဲ့သော်လည်း ပြန်လည်ခု ခံမှုကြောင့် ပစ်သတ်လိုက်ရကြောင်း ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဧပြီလ ၁၂ ရက် ညနေ ၃ နာရီမှ စ၍ ထားဝယ်ခရိုင်၊ ထိုင်း -မြန်မာနယ်စပ်အနီးရှိ အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲ ထားသော ထားဝယ်ခရိုင် ၊ ထိုင်း -မြန်မာနယ်စပ်ရှိ ထီးထဗျူဟာစခန်းကို ဘုတ် ပြင်းမြို့နယ် ပြည်သူ့ ရဲ တပ်ဖွဲ့မှူး ဒုတိယမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမော်ကွန်းဦးစီး သည့် တပ်ဖွဲ့၀င်များသည် KNU တပ်မဟာ ၄ တပ်မဟာမှူးဦးစီးသည့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
“ဒီစခန်း မသိမ်းခင်ကတည်းက လနဲ့ချီပြီးတော့ ရန်သူရဲ့ ရိက္ခာတွေ၊ အင်အားတွေဝင်မလာနိုင်အောင် လနဲ့ချီပြီးပိတ်ဆို့ခဲ့ရတာ၊ စခန်းသိမ်းတိုက်ပွဲကတော့ ၇ ရက်ကြာတာပေါ့၊ ရန်သူ့စခန်းနေရာကလည်း ၃ နေရာဆိုတော့ ၊ ပြီးတော့ မြိတ်၊ ထားဝယ်ခရိုင်ထဲမှာ အကြီးဆုံး စခဗျူဟာကုန်းပေါ့၊ စနိုက်ပါကုန်း တစ်ကုန်းပါတယ်၊ လက်နက်ကြီးကုန်းတစ်ကုန်းပါတယ်။ ပြီးရင် ဗျူဟာမှူးနေတဲ့ ဗျူဟာကုန်းတစ် ကုန်းပေါ့၊” ဟု ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ ၊ ဒုမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတာဝန်ယူ ထား သူ ရဲဘော်မိုးကြိုး က ပြောကြားသည်။
ထိုသို့ စတင်တိုက်ခိုက်ခဲ့သည့်နေ့မှစ၍ အကြမ်းဖက်စစ်ကောင်စီ၏ ထီးထဗျူဟာစခန်းကုန်းကို ဧပြီ လ ၁၉ ရက် ညနေ ၅ နာရီအထိ ၈ ရက်အကြာ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ရပြီး အကြမ်းဖက် စစ် ကောင်စီတပ်မှ ဗျူဟာမှူးအပါအဝင် စစ်သား ၁၀၀ ခန့်သေဆုံးကာ ၁၂၀မမ နှစ်လက်၊ ၆၀ မမ၊ ၄၀မမ၊ အာပီဂျီ နှင့် စက်သေနတ်များ၊ ခဲယမ်းများစွာ သိမ်းစီးရမိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
“စခဗျူဟာမှူးအပါအဝင် ရဲဘော်တစ်ချို့ကို တိုက်ပွဲဖြစ်တဲ့အတောအတွင်းမှာပဲ ဖမ်းဆီးရရှိ ခဲ့တာရှိ ပါ တယ်။ အဲဒီဗျူဟာကုန်းထဲကနေရာတစ်ခုမှာ ကျနော်တို့ဘက်က သိချင်တဲ့ စစ်ရေးသတင်း တွေ မေးမြန်းနေတဲ့ အချိန်အတောအတွင်းမှာပဲ၊ Y12 လေယာဉ်ကလည်းပတ်ပြီးတော့ ဗုံးကျဲနေ တယ်၊ ပြီးတော့ ဂျက်ဖိုက်တာတွေက ဗုံးကျဲနေတယ်၊ အဲဒီအချိန်မှာ စစ်ခွေးဗျူဟာမှူး ကိုယ်တိုင်က မချေ မငံစကားပြောတာတွေ၊ အစတုန်းကလည်း ကျနော်တို့ဘက်က လက်နက်ချ အညံ့ခံဖို့စာပို့ ပြီးတော့ ညှိနှိုင်းခဲ့ပြီးပြီ။ ဒါပေမယ့် သူတို့ဘက်က မချေမငံ စကားတွေ၊ ရိုင်းစိုင်းတဲ့ အပြုအမူတွေ၊ ရန်လိုတဲ့ စကားတွေပဲပြောခဲ့ဖူးတယ်။ ဖမ်းမိလို့စစ်ဆေးနေတဲ့အချိန်မှာလည်း သူ့ဘက်က မချေမငံ တွေအ များကြီးပြောခဲ့တယ်။ ပြီးတော့ သူနဲ့အတူ သူ့ရဲဘော်တွေက မတ်တပ်ရပ် လိုက်ပြီးတော့ ပြန်ခုခံဖို့ လုပ်တဲ့အတွက် ရဲဘော်တွေက လုံခြုံရေးအရ ပစ်ခတ်လိုက်ရတာ၊ ပြီးတော့ ဒီအချိန်မှာလည်း ဂျက် ဖိုက်တာနဲ့ Y12 တွေကလည်းဗုံးကျဲနေတာ၊ အခြေအနေက မငြိမ်သက်သေးဘူး။ စခန်း သိမ်းပြီးမှ ဗျူဟာမှူးကို ဖမ်းဆီး ရရှိခဲ့တာမဟုတ်ပဲနဲ့ စခန်းသိမ်း မပြီးခင် မှာဗျူဟာမှူးကို ဖမ်းဆီးရရှိ တာပါ။” ဟု ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ ၊ ဒုမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတာဝန်ယူထား သူ ရဲဘော်မိုးကြိုး က ရှင်းပြသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်က Mi 17 ရဟတ်ယာဉ်၊ K-8W ဂျက် ဖိုက်တာ၊ Y12 လေယာဉ်များဖြင့် နေ့စဉ် ဗုံးကြဲကာ ပစ်ခတ်ကူပေးခဲ့ကြောင်း သိရသည်။
“လက်ရှိစခန်းပတ်ဝန်းကျင်မှာတော့ မိုင်းအရမ်းများတယ်။ အဓိကက မြေမြှုပ်မိုင်းထက် တိုက်မိုင်းက ပိုများတယ်။ တောင်ကုန်းဆိုတော့၊ ပြည်သူလူထုတွေ ပြန်ဝင်လာတဲ့အချိန်မှာ တောထဲဝင်ရင်ဘေး ကင်းအောင်လို့ မိုင်းတွေကို အတတ်နိုင်ဆုံးဖြုတ်ပေးနေပါတယ်။ တော်လှန်ရေးတပ်ပေါင်းစုတွေ ဝိုင်း ဝန်းပြီးတော့ မိုင်းရှင်းလင်းရေးလုပ်နေပါတယ်။” ဟု ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ ၊ ဒုမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတာဝန်ယူထား သူ ရဲဘော်မိုးကြိုး က ပြောဆိုသည်။
Thanlwin Myanmr Media