Nay Pyi Taw News

0 0
Read Time:3 Minute, 29 Second

နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်အတွင်းအထိဝင်ရောက်ကာ လမ်းပိုင်းစစ်ဆေးပြီး ဗိုလ်မှူးဖြိုးမင်း ကျော် အပါအဝင် ၃ ဦးကို စစ်အသုံးအဆောင်အငွေကြေး သိန်း ၂၀၀၀ ကျော်နှင့်အတူ ဖမ်းဆီး၊ ပြန် လည် ဆုတ်ခွာလာစဉ် စစ်တပ်က တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၃ ဦးစလုံးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၁

 

နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်အတွင်းအထိဝင်ရောက်ကာ လမ်းပိုင်းစစ်ဆေးပြီး ဗိုလ်မှူး ဖြိုးမင်း ကျော်အပါအဝင် ၃ ဦးကို စစ်အသုံးအဆောင်အငွေကြေး သိန်း ၂၀၀၀ ကျော်နှင့်အတူ ဖမ်းမိခဲ့ပြီး ပြန် လည် ဆုတ်ခွာလာစဉ် စစ်တပ်က တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၃ ဦးစလုံးသေဆုံးသွားကြောင်း အဖိ နှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် OPRF – PLA တပ်ဖွဲ့ထံ မှ သိရသည်။

 

ဧပြီလ ၁၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ ဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်တိုင်း၊ ဥတ္တရသီရီမြို့ နယ် လမ်းပိုင်းတနေရာတွင် OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု – ပြည်သူ့လွတ် မြောက်ရေးတပ်မတော်မှ ရဲဘော်များက အချိန် ၃ နာရီကျော်ကြာ ထိန်းချုပ်စစ်ဆေးခဲ့ကြောင်း သိရ သည်။

 

ထိုသို့ ထိန်းချုပ်စစ်ဆေးစဥ်အတွင်း စစ်ကောင်စီ၏ အမှတ် ၁၃ ကာကွယ်ရေး ပစ္စည်းစက်ရုံ – ကပစ ၁၃ မှ ဗိုလ်မှူး ဖြိုးမင်းကျော် အမှတ် ၉၁၀ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ တပ်ခွဲ ၃ မှ တပ်ကြပ် အောင်ဇော်နိုင် နှင့် ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံ တို့ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ယင်းထိန်းချုပ်နေရာမှ ပြန်လည်ရုတ်သိမ်းပြီးအပြန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဖမ်းဆီးရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးစလုံး သေဆုံးသွားကြောင်း၊ ၎င်းတို့ နှင့်အတူ ပါရှိလာသည့် စစ်ဘက်ဆိုင်ရာအသုံးအဆောင်များ၊ ငွေကြေးအစုံ အပါအဝင် ကာလတန်ဖိုး သိန်း ၂၀၀၀ ကျော်ကို သိမ်းနိုင်ခဲ့ကြောင်း အသိပေးထားသည်။

 

“နေပြည်တော်နဲ့ ၂၅ မိုင်ဝေးတဲ့နေရာလောက်မှာ တိုက်ပွဲထပ်ဖြစ်တာပါ။ စခတွေမိတာက ကားနဲ့ လာတဲ့အချိန်ဖမ်းမိတာပါ။ အဲဒီနေပြည်တော်လမ်းပိုင်း မိုင်တိုင် ၂၅ ဝန်းကျင်မှာပါပဲ၊ ဗိုလ်မှူးကို ဖမ်း မိပြီးအပြန်မှာ ဖြစ်တာပါ” ဟု အဖိ နှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု ၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် OPRF – PLA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ လှုပ်ရှားမှုကို OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု – ပြည်သူ့လွတ်မြောက် ရေးတပ်မတော် မှ ရဲဘော်များက တပ်တွင်း သတင်းပေးများ၏ တိကျတေသာ သတင်းအချက်အ လက်ပေါ်အခြေခံ၍ ဝင်ရောက်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး အထိ အခိုက်မရှိဘဲ အောင်မြင်စွာလှုပ်ရှားဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *